နေအိမ်ရှေ့မှာ စစ်ကောင်စီတပ်တွေထောင်ခဲ့တဲ့ မိုင်းထိလို့ ကိုယ်ဝန်​သည်အမျိုးသမီးနဲ့ သားဖြစ်သူ ၆ နှစ်အရွယ်ကလေးငယ်သေဆုံး


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၂၃ 

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ဖျားရွာက နေအိမ်ရှေ့မှာ စစ်ကောင်စီတပ်သားတွေထောင်ခဲ့တဲ့မိုင်းထိလို့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနဲ့ သားဖြစ်သူ ၆ နှစ်အရွယ်ကလေးငယ်သေဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ထံက သိရပါတယ်။

ဒီနေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်မှာ နေအိမ်အရှေ့မှာထောင်ခဲ့တဲ့မိုင်းနင်းမိလို့ ကိုယ်ဝန် ၆ လရှိတဲ့ ကရင်တိုင်းရင်းသူ နော်မူးနော်(အသက် ၂၈ နှစ်) ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Palaw People's Defense Force က ထုတ်ပြန်ထားပါတယ်။

အဲဒီအပြင် သူမရဲ့ ကလေးဖြစ်သူ စောလေလေး (အသက် ၆ နှစ်) အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ည ၇ နာရီခွဲဝန်းကျင်က ဆေးရုံမှာသေဆုံးခဲ့တယ်လို့  Palaw People's Defense Force တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


The Tanintharyi Times

နေအိမ်ရှေ့မှာ စစ်ကောင်စီတပ်တွေထောင်ခဲ့တဲ့ မိုင်းထိလို့ ကိုယ်ဝန်​သည်အမျိုးသမီးနဲ့ သားဖြစ်သူ ၆ နှစ်အရွယ်ကလေးငယ်သေဆုံး နေအိမ်ရှေ့မှာ စစ်ကောင်စီတပ်တွေထောင်ခဲ့တဲ့ မိုင်းထိလို့ ကိုယ်ဝန်​သည်အမျိုးသမီးနဲ့ သားဖြစ်သူ ၆ နှစ်အရွယ်ကလေးငယ်သေဆုံး Reviewed by THITHTOOLWIN on 01:01 Rating: 5

No comments:

Powered by Blogger.