လွိုင်ကော်မြို့ကို ဗုံးကျဲတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေမှုကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေရ
( ကရင်နီပြည်နယ်အတွင်းမှပြည်သူများ ရှမ်းပြည်နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်နေသည့် ဇန်နဝါရီလ ၉ ရက် ညဦးပိုင်းမြင်ကွင်း/ဓာတ်ပုံ-CJ) |
လွိုင်ကော်၊ ဇန်နဝါရီ ၉
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို အထိနာနေသည့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်တပ်များက ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံအများစုသည် ယခုအချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။
တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြား လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုနေသော်လည်း စစ်ကောင်စီတပ်များ အထိနာပြီးနောက် အဆိုပါ ဗုံးကျဲတိုက်ခိုက်မည့် သတင်းများ လွိုင်ကော်ဒေသခံများအကြားထွက်ပေါ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ဒေသခံအများစုသည် ဘေးလွတ်ရာသို့ မိသားစုအလိုက် အိမ်စီးကားများ၊ထော်လာဂျီများဖြင့် တိမ်းရှောင်နေကြရသည်။
တော်လှန်ရေး အားကောင်းသည့် ချင်းပြည်နယ် ထန်တလန်မြို့တွင်လည်း စစ်ကောင်စီတပ်များက ပြည်သူများနေရပ်စွန့်ခွာစေရန် လုပ်ဆောင်ပြီးနောက် ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။
Lu Nge Khit
No comments:
Post a Comment