စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ရဲစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သား ၈ ဦးကို ဖမ်းဆီးရမိ
ဓာတ်ပုံ- PVTV |
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ရဲစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖောင်းပြင်မြို့နယ် မိုင်းချောင်းနဲ့ ရေအောက်တောင်း ရဲစခန်းတို့ကို ဖောင်းပြင် PDF နဲ့ မြို့နယ် ပကဖတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ NUG ရဲ့ သတင်းဌာန PVTV မှာ ဒီနေ့ညပိုင်းက ဖော်ပြလာပါတယ်။
လက်နက်ခဲယမ်းတွေအပြင် လက်ကိုင်ဖုန်း (၁၂)လုံး၊ ကွန်ပြူတာ ၂ လုံး (Laptop)၊ ငွေသား (၂၁)သိန်းကျော်နဲ့ အင်္ကျီတစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Shwe Phee Myay News Agency
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၂ ရက်မှာ ရဲစခန်းနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်သား ၈ ဦးကို ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:19
Rating:
No comments:
Post a Comment