နဘုလယ်မှာ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး ပစ်သတ်ခံရ


တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၂ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး ဒီနေ့ညနေပိုင်းက ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဒီနေ့ညနေ ၄ နာရီဝန်းကျင်က နဘုလယ်ဒေသ၊  ထိန်ကြီးရွာ မှာ ဦးဇော်လို့ခေါ်တဲ့ အမျိုးသားပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

ဆိုင်ကယ်စီးလာတဲ့ဦးဇော်ဟာ ထိန်ကြီးရွာတံတားပေါ်မှာပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ 

အသက် ၅၀ ဝန်းကျင်အရွယ်ရှိတဲ့ ဦးဇော်ဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ဒလန်လို့နာမည်ကြီးတယ်လို့ ထိန်ကြီးရွာဒေသခံတွေကဆိုပါတယ်။ 

ဦးဇော်ရဲ့အလောင်းကို စစ်ကောင်စီတပ်သားတွေလာရောက်စစ်ဆေးပြီး ရေဖြူကိုမြို့ကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယိ။ 

ဦးဇော်ကို ရေဖြူPDF က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

CDM ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးသတင်းပေးတိုင်ကြားတာ၊ စစ်တပ်နဲ့အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးတာ၊ တရားမဝင်အလောင်းကစားဝိုင်းတွေကို စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်တာ စတဲ့အကြောင်းအရာတွေကြောင့် သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ရေဖြူPDF က ထုတ်ပြန်ထားပါတယ်။ 


The Tanintharyi Times


နဘုလယ်မှာ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး ပစ်သတ်ခံရ နဘုလယ်မှာ ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:42 Rating: 5

No comments:

Powered by Blogger.