ကနီနယ်ရှိ စကစနှင့် ပျူ ပူးပေါင်းစခန်းကို တိုက်ခိုက်၊ ပျူတစ်ဦး သေကာ သုံးဦး ဒဏ်ရာရ

ကနီ PDF ရဲဘော်များ/ Photo - People's Defense Force (Kani)

MFP ၊ ဇန်နဝါရီ - ၁၀

စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီမြို့နယ် ရေလည်ကျွန်းရွာရှိ အကြမ်းဖက် စကစ နှင့် ပျူစောထီး ပူးပေါင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူ တစ်ဦးသေပြီး သုံးဦး ဒဏ်ရာရသွားကြောင်း ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ -  People's Defense Force (Kani) က သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၁၀) ရက် ညနေ(၂)နာရီခွဲဝန်းကျင်က ကနီမြို့နယ်၊ ရေလည်ကျွန်းရွာ အကြမ်းဖက် စကစ နှင့် ပျူစောထီးစခန်းကို ကနီမြို့နယ်အတွင်း လှုပ်ရှားဆောင်ရွက်လျက်ရှိသော တော်လှန်ရေးအင်အားစု ပြည်သူ့ဘက်တော်သားများက တိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပျူစောထီးတစ်ဦး ပွဲချင်းပြီးသေဆုံး ၊ပျူစောထီး တစ်ဦး အောက်ပိုင်း မသန်မစွမ်း ဖြစ်သွားသဖြင့် အဆိုပါ ဒဏ်ရာရသော ပျူစောထီးကို ကနီမြို့သို့ ရေလည်ကျွန်းရွာ ပျူများမှ နွားလှည်းဖြင့် သွားရောက် ပို့ဆောင်ရာ အကြမ်းဖက် စကစ လက်အောက်ခံ ထွေအုပ်ရုံးမှ ကားဖြင့် လာရောက်ကြို၍ ကနီဆေးရုံသို့ ပို့ဆောင်သည်။ ကနီဆေးရုံသို့ ရောက်ရှိလာသော အောက်ပိုင်း မသန်မစွမ်း ဖြစ်သွားသော ပျူမှာ သွေးထွက်လွန်နေသဖြင့် သွေးအလှူရှင်ရှာရာ လှူဒါန်းမည့် သွေးအလှူရှင်ပင် (လုံးဝ)မရှိကြောင်းသိရသည်” ဟု ကနီ PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အခြား ပျူစောထီး နှစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိပြီး ဆေးရုံသို့ ပို့ရန်ပင် မဖြစ်နိုင်သဖြင့် ရေလည်ကျွန်းရွာ ပျူစောထီးစခန်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း ကနဦး သတင်းရရှိသည်ဟု ကနီ PDF က ဆိုသည်။

ယနေ့ ဇန်နဝါရီ(၁၀)ရက် နေ့လည်(၁၂)နာရီတွင် ကနီမြို့တောင်ဘက်ရှိ စကစ လက်ပါးစေ ပျူအများအပြား ရှိသော ရွာဖြစ်သည့် အလယ်ကျွန်းရွာတွင် တပ်စွဲထားသော စကစများ ရွာပြင်အထွက်တွင် ထောင်ထားသော မိုင်းများ နင်းမိရာ စကစ သုံးဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကျောက်လုံးကြီး (Kani PDF – KLG) က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီနှင့် မင်းကင်းနယ်တကြောတွင် စကစနှင့် ပျူများ ပူးပေါင်းကာ ဒေသတွင်း သောင်းကျန်းနေပြီး ကျေးရွာများသို့ စီးနင်းဝင်ရောက် လုယက်ခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။

Mandalay Free Press - MFP


ကနီနယ်ရှိ စကစနှင့် ပျူ ပူးပေါင်းစခန်းကို တိုက်ခိုက်၊ ပျူတစ်ဦး သေကာ သုံးဦး ဒဏ်ရာရ ကနီနယ်ရှိ စကစနှင့် ပျူ ပူးပေါင်းစခန်းကို တိုက်ခိုက်၊ ပျူတစ်ဦး သေကာ သုံးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.