နယ်ခြားစောင့်တပ်(BGF)က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ


စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုကြောင့် စာသင်ကျောင်းပိတ်ခဲ့ရပြီး ကျောင်းသားလူငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေ

ဇန်နဝါရီ-၂၆၊၂၀၂၂ 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး  ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာကြောင့် စာသင်ကျောင်းတွေပိတ်ထားခဲ့ရပြီး ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေဟာ ပညာမသင်ကြားနိုင်ပဲ တောတောင်ထဲမှာ ထွက်ပြေးပုန်းအောင်နေခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။ 

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ အာဏာသိမ်းစစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ဒူးသထူ၊ ညောင်လေးပင်၊ ဘိတ်ထားဝယ်၊ မူတြော်နဲ့ ဒူးပလာယာခရိုင်ထဲက တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူလူထုတွေဟာ ဒီကနေ့အချိန်ထိ နေရပ်ကိုမပြန်နိုင်သေးဘူးလို့ သိရပါတယ်။ 

စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ အခက်အခဲ၊ ဒုက္ခဆင်းရဲမျိုးစုံကို ရင်ဆုံကြုံတွေ့နေခဲ့ရပြီး အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ ဒုက္ခဆင်းရဲမှုကို ပိုမိုခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ၁၀ ရက်တာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA,KNDO တပ်တို့အကြား တိုက်ပွဲပေါင်း(၁၀၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၅၀) သေဆုံးခဲ့ကာ (၁၁၅) ယောက်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ စစ်သမီးတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် နယ်ခြားစောင့်တပ်ဘက်က ဒေသခံပြည်သူတွေနေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏပြုလုပ်နေတဲ့အတွက် ဒီ ၁၀ ရက်တာအတွင်းမှာ ပြည်သူလူထု ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 


𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙

နယ်ခြားစောင့်တပ်(BGF)က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ နယ်ခြားစောင့်တပ်(BGF)က ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.