BGF တပ်ဖွဲ့ဝင်များ |
ဇန်နဝါရီ-၁၅၊ ၂၀၂၂
KNLA တပ်မဟာ ၅နယ်မြေထဲမှာ နယ်ခြားစောင့်တပ် BGF က ဗိုလ်မှူးသိန်းဇော်မင်းဟာ ဒီကနေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ BGF နဲ့နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။
BGF ကွပ်ကဲရေးက ဗိုလ်မှူးသိန်းဇော်မင်းဟာ တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲကို BGFတပ်စစ်ဆေးဖို့အတွက် ရောက်ရှိလာတာဖြစ်ပြီး မူတြော်ကအပြန် တောင်သုံးလုံးစခန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဗိုလ်မှူးသိန်းဇော်မင်းအပါအဝင် BGF တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ BGF နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဗိုလ်မှူးသိန်းဇော်မင်းဟာ လက်ရှိမှာ ဘားအံမြို့ တောင်ကလေးစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙
မူတြော်(ဖာပွန်)မှာ BGF ဗိုလ်မှူးသိန်းဇော်မင်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသွား
Reviewed by THITHTOOLWIN
on
00:01
Rating:
No comments:
Post a Comment