ဘားအံမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပစ်ခတ်ခံရ၍ ရဲနှစ်ဦးနှင့် BGF တစ်ဦးသေ ပြည်နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်၊ တစ်ဦးသေ

(ပုံစာ - ပြည်နယ်စည်ပင်ရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့စဥ်)

ဘားအံမြို့ စစ်မှုဇုံအကျော်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သောကြောင့် စစ်ကောင်စီလက်ပါးစေ အစောင့်ရဲနှစ်ဦးနှင့် BGF တစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

ယနေ့(ဇန်နဝါရီ ၁၀) နေ့လယ် ၁ နာရီ ၄၀ ခန့်က ဘားအံစက်မှုဇုံအကျော်ရှိ ထိဖိုးကလုံးက စစ် ဆေးရေးဂိတ်တွင် ကားတစ်စီးမှ ဂိတ်ကြေးပေးပြီးနောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် Hpa-an News က ဖော်ပြသည်။

"အဲဂိတ်ကရဲတွေရော လမ်းကြေးကောက်တဲ့ကောင်တွေရော အကြောတင်းတွေ။ ဖြစ်သင့်တာကြာပြီ။ ငါ-ုးချင်းမိုးမွှန်အောင်ဆဲတဲ့ ကောင်တွေ"ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့နေ့လယ် ၂ နာရီခ့ကလည်း ဘားအံမြို့ပေါ်ရှိ ပြည်နယ်စည်ပင်ရုံး၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်များနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းများ၏လက်ချက်ဖြစ်သည်ဆိုခြင်းကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။

People's Spring 

ဘားအံမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပစ်ခတ်ခံရ၍ ရဲနှစ်ဦးနှင့် BGF တစ်ဦးသေ ပြည်နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်၊ တစ်ဦးသေ ဘားအံမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ပစ်ခတ်ခံရ၍ ရဲနှစ်ဦးနှင့် BGF တစ်ဦးသေ ပြည်နယ်စည်ပင်ရုံးတွင်လည်း ဗုံးပေါက်၊ တစ်ဦးသေ Reviewed by THITHTOOLWIN on 23:28 Rating: 5

No comments:

Powered by Blogger.