ဖာပွန်က BGF စခန်း ၁ ခု KNU တပ်မဟာ ၅ သိမ်းပိုက်


မဲခေါင်၊ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲပလိကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၁ ခုကို KNU တပ်မဟာ ၅ က သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

စစ်ကောင်စီအား ကူညီနေသည့် ကရင် BGF တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၅ နောက်ဆုံးထားပြီး ကရင်လူမျိုးများဘက်မှရပ်တည်ရန် KNU က သတိပေးပြီးနောက် BGF စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ကရင် BGF တပ်ဖွဲ့သည် စစ်ကောင်စီအတွက် လက်နက်ရိက္ခာနှင့် လမ်းလုံခြုံရေးယူပေးနေမူတွင် ကူညီနေပြီး ဆက်လက်ကူညီနေပါက ကရင်လူမျိုးအချင်းချင်းဖြစ်သော်လည်း တိုက်ခိုက်မည်ဟု KNU က ကြေညာထားသည်။


MeKong News - မဲခေါင်သတင်း

ဖာပွန်က BGF စခန်း ၁ ခု KNU တပ်မဟာ ၅ သိမ်းပိုက် ဖာပွန်က BGF စခန်း ၁ ခု KNU တပ်မဟာ ၅ သိမ်းပိုက် Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.