ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွား

ပုံ - ၂၀၁၃ ခုနှစ်တွင် တွေ့ရသည့် ကျောင်းသားတပ်မတော် (ABSDF) တပ်ဖွဲ့ဝင်များ

ကသာ - ဇန်နဝါရီ ၂၃၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် နတ်လိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်မတော် (ABSDF) တို့ ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

နှစ်ဘက်တိုက်ပွဲပြင်းထန်နေချိန် ကသာမြို့အခြေစိုက် ခ.မ.ရ ( ၃၀၉) တပ်က လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

"စကစ နဲ့ ကျောင်းသားတပ်ဖြစ်နေတာ။ အပြန်အလှန်ပစ်ခတ်မှုရှိသလို ကသာမြို့ စစ်တပ်ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ဆက်တိုက်ပဲ အလုံးရေ မခန့်မှန်းနိုင်တော့ဘူး။ ကသာ ၃၀၉ တပ်ကနေ ရမ်းသမ်းပစ်တာပါ။" ဟုပြောသည်။ 

တိုက်ပွဲဖြစ်ပွားသောကြောင့် ကျောင်းသားတပ် (ABSDF) ရဲဘော်တစ်ဦး နံစောင်ဘေးတွင် လက်နက်ကြီးစထိမှန်ခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သူကဆက်ပြောသည်။ 

အလားတူ ကသာမြို့နယ် နတ်လိုင်ကျေးရွာတွင်ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်မတော်တို့တိုက်ပွဲစစ်ပွားခဲ့ပြီး ဒေသခံပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှစ်စီးကို ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့က ဇန်နဝါရီ ၂၁ ရက်နေ့တွင် မော်လူးမြို့နှင့် ပေကုန်းကျေးရွာကြား နှစ်နေရာတွင် နှစ်ကြိမ်တိုင် လက်နက်ကြီးဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်တစ်ဦးအပါအဝင် တပ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


The 74 Media 

ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွား ကသာတွင် စစ်ကောင်စီတပ်နှင့် ABSDF တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.