ထန်းတပင်မြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးကို သေနတ်ဖြင့်ပစ်ခဲ့သည်ဟု 96 Soldiers PDF အဖွဲ့ပြော


ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး လှအောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း 96 Soldiers PDF အဖွဲ့က ယနေ့မှာထုတ်ဖော်ပြောကြားသည်။

စစ်ကောင်စီသည် လှအောင်‌ အသတ်ခံရသည်နှင့်ပတ်သက်၍ အပြစ်မရှိသည့် အရပ်သားများကို ဖမ်းဆီးထား သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ် သည်ဟု 96 Soldiers PDF အဖွဲ့မှ တာ၀န်ရှိသူ့က လူငယ့်ခေတ်သို့ ပြောသည်။

"ဖမ်းတာ သုံးယောက်ရှိနေပြီ" ဟု ၎င်းကထပ်မံပြောသည်။

96 Soldiers PDF အဖွဲ့သည် လှအောင်ကို ဇန်နဝါရီလ ၄ ရက်တွင် သေနတ်ဖြင့် ပစ်သက်ခဲ့ခြင်းဖြစ်သည်။

လှအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် နီးကပ်စွာနေထိုင်လေ့ရှိပြီး ၎င်း၏ လက်ချက်ကြောင့် အပြစ်မရှိသည့် အရပ်သားများပင် ဖမ်းဆီးခြင်းခံခဲ့ရဖူးသည်ဟု ထန်းတပင်မြို့နယ်တွင် နေထိုင်သူတချို့က ပြောသည်။

ဒလန်တစ်ဦးကို ပစ်သက်ခဲ့ခြင်းသည် မိမိတို့ အဖွဲ့၏ လုပ်ဆောင်ချက်ဖြစ်သည့် အတွက် အပြစ်မရှိသော ထန်းတပင် မြို့နယ်ရှိ အရပ်သားများနှင့် သက်ဆိုင်မှုမရှိကြောင်း 96 Soldiers PDF အဖွဲ့ကထုတ်ပြန်ထားသည်။

လူငယ့်ခေတ်/Lu Nge Khit

ထန်းတပင်မြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးကို သေနတ်ဖြင့်ပစ်ခဲ့သည်ဟု 96 Soldiers PDF အဖွဲ့ပြော ထန်းတပင်မြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးကို သေနတ်ဖြင့်ပစ်ခဲ့သည်ဟု 96 Soldiers PDF အဖွဲ့ပြော Reviewed by THITHTOOLWIN on 07:42 Rating: 5

No comments:

Powered by Blogger.