လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ်သတ်မှတ်ပေးဖို့ UN ကို KNU တောင်းဆိုရာမှာ စစ်ကောင်စီနှင့်ပတ်သက်ပြီး ပြတ်သားတဲ့အသုံးအနှုန်းကို KNU သုံးလာ

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ ၂၀၂၁ 

စစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သည့် လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေ့ကော်ဒေသတွင် အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂက ဦးစီးလျှက်အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှုကောင်းမဲ့ဇုံ (No Fly Zone) အဖြစ်သတ်မှတ်ပေးဖို့ KNU က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

ထုတ်ပြန်ချက်မှာ စစ်ကောင်စီသဘောမကျတဲ့အသုံးအနှုန်းတွေကိုလည်း KNU  က ပြတ်ပြတ်သားသားရေးသားဖော်ပြထားတာတွေ့ရပါတယ်။ 

"စစ်ကောင်စီတပ်အနေနဲ့ ကျဆင်းနေသည့် ဂုဏ်သိက္ခာ" ကို ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းပေးဖို့၊ “ကျဆုံးသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနေသော မိမိတို့၏ နိုင်ငံအား" ပြန်လည်ကယ်ဆယ်တဲ့အနေနဲ့ စစ်ကောင်စီမှတပ်ဗိုလ်၊ တပ်မှူးများကလည်း ပြည်သူလူထုနဲ့ပူးပေါင်းပါဝင်ဖို့ စတဲ့စစ်ကောင်စီမနှစ်သက်သည့်အသုံးအနှုံန်းများကိုလည်း ထုတ်ပြန်ချက်မှာ KNU က သုံးနှုန်းထားပါတယ်။ 

စစ်တပ်က အနာဂတ်နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှုမှ ဆုတ်ခွာကြောင်း ကတိပေးလုပ်ဆောင်ဖို့လည်း KNU က တိုက်တွန်းထားပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ခြင်းသာလျှင် နှစ် ၇၀ ကျော်ကြာသည့် ပြည်တွင်းစစ်ရဲ့အဖြေသာဖြစ်ကြောင်း KNU က ဆိုပါတယ်။ 

ထိုင်းနိုင်ငံသို့ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးဖို့လည်းတောင်းဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်မှုမှကင်းလွတ်အောင် KNU တပ်မဟာ ၆ နယ်မြေက လေးကေ့ကော်ဒေသမှာ ခိုလှုံတဲ့နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူနှင့် အကြမ်းဖက်မှုကိုဆန့်ကျင်သည့်ပြည်သူတွေကို စစ်ကောင်စီက တပ်အင်အားသုံးလာရောက်ဖမ်းဆီးတာ အကြမ်းဖက်တိုက်ခိုက်လာတာကြောင့် KNU အနေနဲ့ မိမိကိုယ်မိမိခုခံကာကွယ်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ 

တိုက်ပွဲကြောင့် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်ဒေသအပါအဝင် ထိုင်းနိုင်ငံမဲဆောက်ဒေသနှင့်နယ်စပ်ထိစပ်သည့်နေရာတစ်လျှောက်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အရေအတွက်သည် ၁၀၀၀၀ နီးပါးရှိလာပြီးလို့ ကယ်ဆယ်ရေးအဖွဲ့တွေကခန့်မှန်းပါတယ်။ 

Salween Press



လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ်သတ်မှတ်ပေးဖို့ UN ကို KNU တောင်းဆိုရာမှာ စစ်ကောင်စီနှင့်ပတ်သက်ပြီး ပြတ်သားတဲ့အသုံးအနှုန်းကို KNU သုံးလာ လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ်သတ်မှတ်ပေးဖို့ UN ကို KNU တောင်းဆိုရာမှာ စစ်ကောင်စီနှင့်ပတ်သက်ပြီး ပြတ်သားတဲ့အသုံးအနှုန်းကို KNU သုံးလာ Reviewed by THITHTOOLWIN on 08:56 Rating: 5

No comments:

Powered by Blogger.