ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့အပေါ် UK ကန့်ကွက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ဒီမိုကရေစီစနစ်ကို ဖိနှိပ်ဖို့ စစ်ကောင်စီရဲ့ နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူကေနိုင်ငံခြားရေး ဝန်ကြီး Lizz Truss က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

ပြည်သူလူထုရွေးကောက်ခံ နိုင်ငံရေးသမားတွေကို ထောင်ဒဏ်တွေ ချမှတ်တာဟာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘဲ နောက်ထပ်လူထုအုံကြွမှုကို တွန်းပို့ရာရောက်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ 

ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့နဲ့ အာဏာပြန်လွှဲပေးဖို့ UK နိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုကြောင်းလည်း ထပ်မံဖော်ပြထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက ဒီဇင်ဘာလ ၆ ရက် ဒီကနေ့မှာ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်တာပါ။

သူ့ကိုစွပ်စွဲတရားစွဲဆိုထားတဲ့ အမှု ၁၂ ခုထဲက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် ၂ နှစ် စီ ပထမဆုံး ချမှတ်လိုက်တာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ထပ်စွပ်စွဲထားတဲ့ အမှု ၁၀ ခုကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ 

RFA Burmese 

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့အပေါ် UK ကန့်ကွက်  ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့အပေါ် UK ကန့်ကွက် Reviewed by THITHTOOLWIN on 17:44 Rating: 5

No comments:

Powered by Blogger.