Silent Strike ကိုမမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ သတိပေး

ပခုက္ကူ၊ ဒီဇင်ဘာ ၉၊၂၀‌၂၁။ 

မနက်ဖြန်မှာပြုလုပ်မယ့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် - Silent Strikeကို မမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီက ဒီဇင်ဘာ ၉ရက် ဒီနေ့မနက် ၁၀နာရီလောက်မှာ သတိပေးကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က လူစီကားတဲ့နေရာနဲ့ ဈေးတွေမှာ ကော်မတီအဖွဲ့၀င်လူငယ်တွေက သတိပေးဆောင်ပုဒ်တွေရေးသားထားတဲ့ စာဆောင်တွေကိုဖြန့်ဝေသတိပေးခဲ့တာဖြစ်တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီအဖွဲ့၀င်တဦးက ပြောပါတယ်။ 

" ကျ‌နော်တို့က ပြည်သူတွေကို မမေ့လျော့စေဖို့၊ အားလုံးပါဝင်ဖို့ သတိပေးတဲ့အနေနဲ့လုပ်ဖြစ်ခဲ့တာပါ၊ လူစီကားတဲ့နေရာနဲ့ဈေးတွေမှာ စာရွက်တွေကိုပေးတယ်၊ ကြဲတယ် " လို့ပြောပါတယ်။ 

ဒီကမ်ပိန်းမှာ 10 D Silent Strike အားလုံးပါဝင်ကြ၊ ငါတို့ မြို့ငါတို့ပိုင်တယ်၊ ငါတို ငြိမ်ချင် ငြိမ်မယ် ငါတို လှုပ်ချင်လှုပ်မယ်၊ ဒီဇင်ဘာ ၁၀ ရက် မနက်၁၀နာရီမှညနေ၄နာရီအထိ ကားမရှိလူမရှိ စျေးမဖွင့်ဆိုင်မဖွင့် စတဲ့ ဆောင်ပုဒ်တွေရေးသားထားတဲ့ စာဆောင်တွေကိုဖြန့်ဝေခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan



Silent Strike ကိုမမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ သတိပေး Silent Strike ကိုမမေ့ကြဖို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ သတိပေး Reviewed by THITHTOOLWIN on 17:55 Rating: 5

No comments:

Powered by Blogger.