RKDFကတိုက်လို့ စစ်ကောင်စီတပ်သား ၃ဦးခန့်ထိခိုက်ကျဆုံး၊ RKDFစခန်းကို စစ်တပ်ကဝင်စီးသော်လည်း ပြည်သူ့တပ်ဘက်က အထိအခိုက်မရှိ


ဂန့်ဂေါ ဒီဇင်ဘာ ၃ 

 ယနေ့ ဒီဇင်ဘာလ ၃ ရက်  နံနက် ၈ နာရီ မိနစ် ၃၀ အချိန် နယ် လယ်ခြား ၊ ရှားတော ကျေးရွာများကို မီးတင်ရှို့ပြီးပြန်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို Ranger Kalay တပ်ဖွဲ့မှ နင်းမိုင်း ဆွဲမိုင်းများဖြင့် ကြားဖြတ် ၅ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦးခန့် ထိခိုက်ကျဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရှိရပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများဟာ စစ်ကြောင်း ၃ ကြောင်းခွဲကာ အင်အား ၁၂ဝ ကျော်ခန့်ဖြင့် Ranger Kalay Defend Force (ကလေးပြည်သူ့ကာကွယ်ရေးတပ်) ဆီသို့ ပိတ်ဆို့စခန်းသိမ်းရန် ချီတက်လာစဉ် သတင်း ကြိုတင်ရတဲ့အတွက် ဖောက်ခွဲ တိုက်ခိုက်ပြီး Ranger Kalay တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ 

စခန်းရှိ တပ်ဖွဲ့ဝင်တစုံတဦးမျှ ဖမ်းဆီးခံရခြင်းမရှိပဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့တယ်လို့ RKDFက သတင်းထုတ်ပြန်ထားပါတယ်။ 

Gangaw Youths Voice


RKDFကတိုက်လို့ စစ်ကောင်စီတပ်သား ၃ဦးခန့်ထိခိုက်ကျဆုံး၊ RKDFစခန်းကို စစ်တပ်ကဝင်စီးသော်လည်း ပြည်သူ့တပ်ဘက်က အထိအခိုက်မရှိ RKDFကတိုက်လို့ စစ်ကောင်စီတပ်သား ၃ဦးခန့်ထိခိုက်ကျဆုံး၊ RKDFစခန်းကို စစ်တပ်ကဝင်စီးသော်လည်း ပြည်သူ့တပ်ဘက်က အထိအခိုက်မရှိ Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.