တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၁
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးက ခေါင်တိုင်ပြင်(တံခွန်တိုင်ပြင်)ရွာအနီးမှာ ဒီနေ့မနက်ပိုင်းက PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီးနောက် ဒီနေ့ညတိုက်ပွဲတွေဆက်ပြီ းဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒီနေ့ ည ၆ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါအသုံးပြုခဲ့တယ်လို့ ကနဦးသိရပါတယ်။
စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေရှိနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက်က ဇီးကျရွာဘက်ကနေ တောလမ်းအတိုင်းစစ်ကောင်စီတပ်တွေ ခေါင်တိုင်ပြင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တချို့နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ခေါင်တိုင်ပြင်ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
The Tanintharyi Times
No comments:
Post a Comment