ထားဝယ် PDF စခန်းတစ်ခု ဝင်စီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ခေါင်တိုင်ပြင်ရွာအနီးဝန်းကျင်ရှိ PDF စခန်းတစ်ခု ဒီဇင်ဘာလ ၂၁ ရက်နေ့က ဝင်ရောက်စီးနင်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောတာကို ကိုးကားပြီး ထားဝယ် အခြေစိုက် Dawei Watch ကရေးပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက် ၈ နာရီကျော်ခန့်က စစ်ကောင်စီဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ စခန်းသိမ်းခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီတွေ အသုံးပြုပစ်ခတ်ခဲ့ကာ တောလမ်းက ဝင်ရောက်လာကြတာဖြစ်ပြီးတော့ ရွာသားတွေလည်း ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

မနက် ၈ နာရီကစတဲ့ တိုက်ပွဲဟာ နေ့လယ် ၃ နာရီလောက်အထိ ဆက်ပြီးတိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese

အောက်တိုဘာ ၃ရက်မှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဖြစ်တဲ့ တောင်ပျောက်နယ်တိုက်ပွဲ
ထားဝယ် PDF စခန်းတစ်ခု ဝင်စီးခံရ ထားဝယ် PDF စခန်းတစ်ခု ဝင်စီးခံရ Reviewed by THITHTOOLWIN on 22:31 Rating: 5

No comments:

Powered by Blogger.