ဗိုလ်ချုပ်ကြီးများနေထိုင်ရာ နေပြည်တော်တွင် PDF က မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစတပ်သား (၁၂) ဦးသေဆုံး
အကြမ်းဖက်စစ်ခေါင်းဆောင်များရှိရာ အုပ်ချုပ်ရေးမြို့တော်၊ နေပြည်တော်ဧရိယာအတွင်း ယမန်နေ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရမှုကြောင့် စစ်ကောင်စီတပ်သား (၁၂) ဦးသေဆုံးပြီး (၅) ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။
ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု လက်ဖက်တောင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို အဖွဲ့နှစ်ဖွဲ့ခွဲကာ ကြိုတင်ပြင်ဆင်ထားသော မိုင်း (၅) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားတစ်စီး ချောက်ထဲကျကာ အနည်းဆုံး (၁၂) ဦး သေဆုံးပြီး (၅) ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်းနှင့် မိမိတို့ဘက်မှ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ကြောင်း နေပြည်တော် PDF ဒုတာဝန်ခံ ဗိုလ်ငွေစိုးကပြောပါတယ်။
“ဒီဇင်ဘာလဆန်းကတည်းက မပိုင်သေးလို့ စောင့်နေတာ။ ဒီနေ့မှ ပိုင်လို့ လုပ်လိုက်တာ။ ကျွန်တော်တို့ ဆွဲကွင်းထဲရောက်တဲ့အခါ အကုန်လုံးဆွဲချလိုက်တာ။ အဲ့မှာ တစ်စီးပဲထိပြီး နောက်ထပ်လည်း ထပ်ပါလာလို့ ပြန်ဆုတ်လိုက်ရတယ်။ မဟုတ်ရင် အကုန်ရှင်းပစ်ပြီး လက်နက်ပါ ကောက်နိုင်တယ်” ဟု ၎င်းက ပြောပါတယ်။
" ဆက်လက်ပြီး စစ်ကောင်စီအနေနဲ့ နေပြည်တော်တစ်ခုတည်းကို အုပ်ချုပ်လို့ရမယ်ဆိုတဲ့ အခြေအနေမျိုးမဖြစ်အောင် ကြိုးစားသွားပြီး ဒီထက်ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေနဲ့ ပြည်သူတွေအားရအောင် လုပ်သွားပါမယ် " လို့ ပြောပါတယ်။
PDF Newsflash
No comments:
Post a Comment