တရားမဝင်သယ်လာ​သော ​ကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးရမိပြီး NUGထံ ​ပေးအပ်

တရားမဝင်သယ်ယူလာသော ကျောက်စိမ်းများအား ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ယနေ့(ဒီဇင်ဘာ၂၃) ထုတ်ပြန် သည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)သည် ချင်းတွင်းမြစ်ရေကြောင်း စိုးမိုးရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး လွန်ခဲ့သောရက်အနည်းငယ်က တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းဖလက်ခွံအပါအဝင် ရေယာဥ် ၁၁ စီးကိုလည်း မိုင်းစွဲတိုက်ခိုက်ခြင်းနှင့် ချောင်းမြောင်းပစ်ခက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

ချင်းတွင်းမြစ်ကိုအသုံးပြု၍ မှောင်ခိုပစ္စည်းများသယ်ယူခြင်း၊ ပျူ​စောထီးနှင့် အကြမ်းဖက်စစ်ကောင်စီတို့  ရိက္ခာများ၊ ခဲယမ်းလက်နက်များ သယ်ယူနေခြင်း၊အကြမ်းဖက် စစ်ကောင်စီက ရေကြောင်းကိုအသုံးပြု၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြခြင်းတို့ကြောင့် မိမိတို့တပ်ရင်းမှ ရေကြောင်းစိုးမိုးရေးလုပ်ငန်းများ အားဖြည့်လုပ်ဆောင်နေသည်ဟုလည်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

ထိုသို့ ရေကြောင်းစိုးမိုးရေးကိစ္စများဆောင်ရွတ်​နေစဥ် တရားမဝင် ကျောက်စိမ်းများသယ်ယူလာသည်ကို ဖမ်းဆီးရရှိခဲ့ပြီး NUGအစိုးရ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ခြင်းဖြစ်သည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)အနေဖြင့် ရေကြောင်းစိုးမိုးမှုများကို ဆက်လျှက်လုပ်ဆောင်နေဆဲဖြစ်ပြီး တရားမဝင်သစ်ဝါးများ သယ်ယူနေခြင်း၊ ကျောက်မီးသွေး၊ ကျောက်စိမ်းများ အပါအဝင် စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းများမှန်သမျှ ထိန်းသိမ်းခြင်း၊ဖျက်စီးခြင်း၊NUG ထံအပ်နှံခြင်းများ ဆောင်ရွတ်လျှက်ရှိကြောင်းလည်း အသိပေးသည်။

People's Spring 

တရားမဝင်သယ်လာ​သော ​ကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးရမိပြီး NUGထံ ​ပေးအပ် တရားမဝင်သယ်လာ​သော ​ကျောက်စိမ်းများ မင်းကင်း PDF ဖမ်းဆီးရမိပြီး NUGထံ ​ပေးအပ် Reviewed by THITHTOOLWIN on 10:04 Rating: 5

No comments:

Powered by Blogger.