ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၄၀၀ကျော် ထောက်ပံ့ထားကြောင်း NUG ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီအဖြစ် ဒီဇင်ဘာ ၂၂ ရက်အထိ ကျပ်သိန်း ၄၀၀ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန် ကြေညာသည်။

KNU နယ်မြေအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းသို့ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ စောင်နှင့် အခင်းအကာများကို လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ မြေပြင်လှုပ်ရှားသူ အဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် အတူ ညတွင်းချင်း သွားရောက်ထောက်ပံ့ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ထိုင်းဘက်သို့ ရောက်ရှိနေသော စစ်ဘေးရှောင် ကလေးငယ်အများအပြားအတွက် အရုပ်နှင့်မုန့်များကိုလည်းပေးပို့ခဲ့သည်ဟု ဆိုသည်။

အလားတူ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ခံစားနေရသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးသို့ ထောက်ပံ့ပေးပို့မှုများကိုလုပ်ဆောင်နေကြောင်း NUG က ထုတ်ပြန်သည်။

ထိုင်းဘက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် မြန်မာပြည်သူ ၄,၀၀၀ ခန့်ကို အကူအညီပေးရန် ထိုင်းဝန်ကြီးချုပ်က သက်ဆိုင်ရာခရိုင်အရာရှိများကို ညွှန်ကြားထားကြောင်း ဒေသတွင်းသတင်း ဌာနများက ဖော်ပြသည်။

People's Spring 

(လာ​ရောက်ခိုလှုံ​သော မြန်မာစစ်​​ဘေး​ရှောင်များအား ထိုင်းစစ်တပ်က လုံခြုံ​ရေး​ဆောင်ရွက်​ပေး​နေစဥ်)

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၄၀၀ကျော် ထောက်ပံ့ထားကြောင်း NUG ထုတ်ပြန် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၄၀၀ကျော် ထောက်ပံ့ထားကြောင်း NUG ထုတ်ပြန် Reviewed by THITHTOOLWIN on 10:06 Rating: 5

No comments:

Powered by Blogger.