ကားနဲ့တိုက်ခံရတဲ့ လူထုသပိတ်အတွက် စစ်ရေးအရှိန်မြှင့် တုံ့ပြန်မယ်လို့ (NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထုတ်ပြန်


ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်မှာ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီဘက်က ကားနဲ့တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာအတွက် ပြန်လည်တုံ့ပြန်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဒါ့ပြင် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသခွင့်မပေးဘဲ စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကြားသိရတဲ့အတွက် လူထုနဲ့အတူ စိတ်ထိခိုက်ရတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသူတွေကို အခုလိုကျူးလွန်ခဲ့ကြပြီး အမိန့်ပေးခဲ့ကြသူတွေကို ပြင်းပြင်းထန်ထန်လက်တုံ့ပြန်သွားမှာဖြစ်သလို တော်လှန်ရေးအရှိန်လည်း မြှင့်တင်မယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

ပန်းပင်ကြီးလမ်းမပေါ်မှာ ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လူငယ်တွေရဲ့လူထုသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သပိတ်စစ်ကြောင်းအနောက်ကနေ ကားနဲ့ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေအပြင် ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဒီသတင်းနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိသေးပါဘူး။

BBC Burmese



ကားနဲ့တိုက်ခံရတဲ့ လူထုသပိတ်အတွက် စစ်ရေးအရှိန်မြှင့် တုံ့ပြန်မယ်လို့ (NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထုတ်ပြန် ကားနဲ့တိုက်ခံရတဲ့ လူထုသပိတ်အတွက် စစ်ရေးအရှိန်မြှင့် တုံ့ပြန်မယ်လို့ (NUG)ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထုတ်ပြန် Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.