NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဂျပန်ကိုတောင်းဆိုထား၊ ဂျပန် ပါတီစုံ ပါလီမန် အမတ်တွေနဲ့ NUG အစည်းအဝေးလုပ်မယ်


NUG ဟာ သူတို့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုဖို့ ဂျပန်အစိုးရထံ စာရေးသားပေးပို့ ထားကြောင်း ဂျပန် ပြည်တွင်း သတင်းဌာနတွေက ပြောနေပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာ ဟာယာရှီတို့ထံကို လိပ်မူပြီး NUG က ပြီးခဲ့တဲ့လ (နိုဝင်ဘာ) တုန်းက စာတစ်စောင် ရေးသား ပေးပို့ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစာထဲမှာ ဂျပန်နိုင်ငံထဲ NUG ရဲ့ ကိုယ်စာလှယ်ရုံး ဖွင့်လှစ်ထားရှိမယ် ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်နေတယ်လို့ အဲဒီ အကြောင်းချင်းရာ ကိစ္စနဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန်မီဒီယာတွေက ရေးပါတယ်။

ဂျပန် နိုင်ငံခြားရေး ဌာနဘက်ကတော့ NUG ထံကနေ အဲဒီလို စာမျိုး လက်ခံရရှိထားလာ ဆိုတဲ့ အချက်ကို အတည်မပြုပါဘူး။

လက်ရှိ ဂျပန် အစိုးရရဲ့ ရပ်တည်ချက်ကို ကြည့်ရင် အာဏာသိမ်း စစ်ကောင်စီကို မြန်မာရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုတယ်လို့ မပြောပေမယ့်၊ စစ်ကောင်စီ အပေါ် အနောက်အုပ်စု နိုင်ငံတွေ ပြုလုပ်နေတဲ့ စီးပွားရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေထဲလည်း မပါဝင်ပဲ ခပ်ကင်းကင်း နေတာ တွေ့ရတယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

ဂျပန် ပါလီမန် အမတ်တွေထဲမှာတော့ မြန်မာ့ဒီမိုကရေစီ အရေး အားပေးကူညီနေကြသူတွေ ပါတီပေါင်းစုံမှာ ရှိနေပါတယ်။

အဲဒီ ပါတီစုံက ဂျပန်အမတ်တွေနဲ့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ အပါအဝင် တခြား တာဝန်ရှိသူတွေ ဒီဇင်ဘာ ၉ ရက်၊ ကြာသပတေးနေ့ကျရင် အွန်လိုင်းကနေ တဆင့် တွေ့ဆုံ ဆွေးနွေးကြဖို့ စီစဥ်ထားတယ်လို့ နားလည်ရပါတယ်။

BBC Burmese
NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဂျပန်ကိုတောင်းဆိုထား၊ ဂျပန် ပါတီစုံ ပါလီမန် အမတ်တွေနဲ့ NUG အစည်းအဝေးလုပ်မယ် NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဂျပန်ကိုတောင်းဆိုထား၊ ဂျပန် ပါတီစုံ ပါလီမန် အမတ်တွေနဲ့ NUG အစည်းအဝေးလုပ်မယ် Reviewed by THITHTOOLWIN on 06:27 Rating: 5

No comments:

Powered by Blogger.