NLD ပါတီ ခေါင်းဆောင်တွေအပါအဝင် ပါတီဝင် ၄၀၀ ကျော်စစ်ကောင်စီဖမ်းဆီးထား


၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင်များ အပါအဝင် ပါတီဝင် စုစုပေါင်း (၅၇၃) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ NLD ပါတီကသတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီအထဲက ပြန်လည်လွတ်မြောက်လာသူ (၁၂၈) ဦးရှိပြီး (၄၃၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလမှာ ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလမှာ ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ကွယ်လွန်ခဲ့သူ (၁၃) ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ၁၃ ဦးအနက် ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်၊ ခွန်ဘွားထိုသွေး တို့ (၅) ဦးက ထောင်တွင်းအကျဉ်းကျခံနေရစဉ်ကာလအတွင်း သေဆုံးခဲ့ပြီး၊ ဦးခင်မောင်လတ် ၊ ဦးဇော်မြတ်လင်း ၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို ၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး တို့မှာ စစ်ကြောရေးကာလအတွင်း သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တရားရုံးမှာ စွဲဆိုထားတဲ့ အမှုတွေကို အကြောင်းပြကာNLD ပါတီဝင်တွေ ရဲ့ နေအိမ် အဆောက်အအုံတွေကို စစ်ကောင်စီ ချိတ်ပိတ် ထားတာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စုစုပေါင်း ၅၇ ဦးရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ပါခဲ့တယ်။

BBC Burmese

NLD ပါတီ ခေါင်းဆောင်တွေအပါအဝင် ပါတီဝင် ၄၀၀ ကျော်စစ်ကောင်စီဖမ်းဆီးထား NLD ပါတီ ခေါင်းဆောင်တွေအပါအဝင် ပါတီဝင် ၄၀၀ ကျော်စစ်ကောင်စီဖမ်းဆီးထား Reviewed by THITHTOOLWIN on 18:07 Rating: 5

No comments:

Powered by Blogger.