စစ်ကောင်စီကားတစီးနဲ့ မြိုင်စစ်ဆေးရေးဂိတ်ကို Myaing PDF မိုင်းဆွဲတိုက်ခိုက်


မြိုင်၊ ဒီဇင်ဘာ ၃၊ ၂၀၂၁။

မြိုင်မြို့နယ်ထဲကဖြတ်လာတဲ့ စစ်ကောင်စီကားတစီးနဲ့ မြိုင်မြို့အထွက်က စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃ ရက် ဒီနေ့တရက်တည်းမှာပဲ မိုင်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myaing  PDF ဆီက သိရပါတယ်။

မကွေးတိုင်း၊မြိုင်-ဗဟင်းလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေစီးလာတဲ့ FAW ကားကို ဒီနေ့ ညနေ ၄ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူတွေများတယ်လို့ Myaing PDF ရဲ့တာဝန်ခံတဦးကပြောပါတယ်။

"ညနေ ၄ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်တာဗျ၊ မြိုင်-ဗဟင်းလမ်းမပေါ်မှာပါ၊ စစ်သားတွေစီးလာတဲ့ FAW ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ကားကတော့ လမ်းဘေးထိုးကျသွားတယ်။ အကျအဆုံး ထိခိုက်ဒဏ်ရာရှိသူများ ပါတယ်။ အတိအကျ‌တော့ ပြောလို့မရသေးပါဘူး" လို့ သူကပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၉ နာရီလောက်မှာလည်း ပုသိမ်-မုံရွာလမ်းခွဲ မြိုင်မြို့အထွက်က စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့လည်း Myaning PDF ရဲ့တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။

Myaing PDF အနေနဲ့ ဒီဇင်ဘာ ၂ ရက် မနေ့ကညနေပိုင်းက ဗဟင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စစ်ကောင်စီကားတစီးနဲ့ မြိုင်စစ်ဆေးရေးဂိတ်ကို Myaing PDF မိုင်းဆွဲတိုက်ခိုက် စစ်ကောင်စီကားတစီးနဲ့ မြိုင်စစ်ဆေးရေးဂိတ်ကို Myaing PDF မိုင်းဆွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 00:14 Rating: 5

No comments:

Powered by Blogger.