ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ သံတောင်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက် ၇လက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၀ရက်)က စစ်ကောင်စီတပ်၏ ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အရေအတွက်ကို အတိအကျ မသိရသေးဟု ၎င်း ကဆက်ပြောသည်။
“အဲဒီမှာ ရန်သူ ရိက္ခာပို့တဲ့အချိန် တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ လက်နက် ၇လက် ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်မှုကို KNUနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်များပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ပြောသည်။
သံတောင်ကြီးမြို့နယ် လေးလုံးပင်ဒေသ ရေတံခွန် ဖြတ်လမ်းတွင် ရိက္ခာသယ်ပြီး နယ်ကျွံလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်း ၄လုံးဆွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၁ဦး သေဆုံးကြောင်း သိရသည်ဟုအထက်ပါသတင်းရင်းမြစ်ကသည်။
KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေသည်။ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။ တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ကြသောင်းဆိပ် BGF တပ်စခန်းကို KNUနှင့် PDF ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
People's Spring
No comments:
Post a Comment