KNU ဒေသ အပြင် MNDAA ဒေသ၌ပါ စစ်ကောင်စီလက်ပါးစေ အများအပြားသေဆုံး

Photo : The Kokang 

မုံးကိုး၊ ဒီဇင်ဘာ ၂၀

ကိုးကန့်တပ်ဖွဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ အခြေစိုက်စခန်းတစ်ခုသို့ ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်ဆုတ်သွားခဲ့သည်ဟု MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး အချက်ရေ  ၁၅၀၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က တပ်မ( ၉၉) လက်အောက်ခံတပ်ရင်း ၁၅၊ ၅၉၊ ၁၅၊  ၇၉၊ ၁၁၃ နှင့် တပ်မ ၇၇ လက်အောက်ခံ ၃၁၃ တပ်ရင်းများမှ အင်အား (၅၀၀) ကျော် စုဝေးပြီး MNDAA ၏ မန်ရန်တပ်စခန်းကို (၁၀) ကြိမ် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူ (၁၀၀)နီးပါးရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟုလည် MNDAA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။


လူငယ့်ခေတ်




KNU ဒေသ အပြင် MNDAA ဒေသ၌ပါ စစ်ကောင်စီလက်ပါးစေ အများအပြားသေဆုံး KNU ဒေသ အပြင် MNDAA ဒေသ၌ပါ စစ်ကောင်စီလက်ပါးစေ အများအပြားသေဆုံး Reviewed by THITHTOOLWIN on 03:03 Rating: 5

No comments:

Powered by Blogger.