အာဏာသိမ်းစစ်ကောင်စီနှင့် KNLA တပ်ရင်း(၁၆) လက်အောက်ခံတပ်ခွဲ(၄)တို့ ပစ်ခတ်မှုဖြစ်ပွား

 

photo- အာဏာသိမ်းစစ်ကောင်စီတပ်မှ ဝင်းရေးမြို့နယ်တွင် သွားလာသောပုံ

ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ 

ယနေ့ နံနက် (၉)နာရီကျော်အချိန်ခန့်တွင် KNLA တပ်ရင်း(၁၆)လက်အောက်ခံ တပ်ခွဲ (၄)နှင့် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ- ၁၀၆ တပ်ရင်း တို့ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တောင်နောက်ခြမ်း ဘေးလမိုင်းကျေးရွာတွင် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၃)ယောက် သေဆုံးသွားကြောင်းသိရသည်။ KNLA ဘက် ထိခိုက်မှုမရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ဒီဇင်ဘာလ (၅)ရက်နေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ် ခလရ- ၁၀၆ တပ်ရင်းမှ ဝါပေါ်ကျေးရွာနေ ဆင်ထိန်းသမားတစ်ဦးကို PDF ဟု စွပ်စွဲကာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်အချိန်တွင်လည်း လွတ်ရှားကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းစစ်ကောင်စီတပ်မှ အင်အား (၁၀)ယောက်နှင့် ကားတစ်စီးသည် အနန်းကွင်းကျေးရွာတွင် နေထိုင်သော BGF- ၂၀၂၁ တပ်ဆီသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

တောင်းစွန်းကျေးရွာတွင် နေထိုင်သော အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF - ၁၀၂၂ က ဦးဆောင်သူဗိုလ်ရှည် နှင့် ချင်းလုံး မှ  တောင်းစွန်းကျေးရွာ သဃ်န်းညီနောင်တံတား ဝင်းရော်ချောင်းဘေးတွင် ကျင်းများ တူးနေကြောင်း သိရသည်။


ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေး


အာဏာသိမ်းစစ်ကောင်စီနှင့် KNLA တပ်ရင်း(၁၆) လက်အောက်ခံတပ်ခွဲ(၄)တို့ ပစ်ခတ်မှုဖြစ်ပွား အာဏာသိမ်းစစ်ကောင်စီနှင့် KNLA တပ်ရင်း(၁၆) လက်အောက်ခံတပ်ခွဲ(၄)တို့ ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.