KNLA, PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၅ ဦး သေဆုံး


ဒီဇင်ဘာ ၈ ရက်၊ ဘားအံ

စစ်ကောင်စီတပ်နဲ့ ကရင်တပ်မတော် (KNU/KNLA)၊ PDF ပူးပေါင်းတပ်တို့အကြား ဒီဇင်ဘာ ၆ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၀၇)စစ်ကြောင်း မထောကျေးရွာသို့ ထွက်ခွာလာရာ မြေနီကုန်းနဲ့ ထီးဂေလိုကြားအရောက်မှာ KNLA တပ်မဟာ(၅) လက်အောက်ရှိ တပ်သားတွေက ဆွဲမိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ဒီနေ့မနက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီနေ့ နေ့လယ် ၂ နာရီခွဲမှာ KNLA နဲ့ PDF ပူးပေါင်းပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းကို ပြောက်ကျားနည်းနဲ့ ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီးတော့ KNLA ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖလပ်ခို-ကူဒေးဒေသမှာ တစ်ကြိမ်၊ ဝါကလေတူဒေသမှာ တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရှိရပေမဲ့ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် စစ်သား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။


Shwe Phee Myay News Agency 

KNLA, PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၅ ဦး သေဆုံး KNLA, PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.