မောင်တောမှာထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ


မောင်တောမြို့ပေါ်မှာ အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဆန်းဌေးနိုင်ရဲ့ရုပ်အလောင်းကို မောင်တော မြို့ ရပ်ကွက် ၁၊ နယ်စပ်ကုန်သွယ်ရေးရုံးအနီးမှာ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မနက်ပိုင်းမှာ တွေ့ရှိခဲ့ရတယ်လို့ မောင်တောမြို့က လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂရုဏာကွန်ရက်အသင်းက အတည်ပြုပြောကြားပါတယ်။

သူဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ညနေပိုင်းမှာ နေအိမ်ကနေထွက်သွားပြီး ညအချိန် ထိပြန်မရောက်လာတာကြောင့် မိသားစုတွေလိုက်လံရှာဖွေရာမှာ POE လို့ခေါ်တဲ့ နယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းအနီးက ဘုတ်ဆိပ်မှာလည်ပင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မနက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ် မုချာကျေးရွာက လယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ ခိုင်းနွား ငါးကောင်ကိုလည်း ညအချိန် ခြေထောက်တွေကို ခုတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်တွေမတိုင်ခင်မှာလည်း နှစ်ဖက်အဖွဲ့အစည်းတွင်း အထင်အမြင်လွဲမှားစေတဲ့ ဖြစ်စဉ်တွေ ငါးခုခန့်ဖြစ်ပွားထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်အသိုင်းအဝိုင်းကို ပဋိပကဖြစ်စေတဲ့ ဖြစ်စဉ်တွေရည်ရွယ်ချက်ရှိ ရှိဖန်တီးနေတဲ့အပေါ် သတိထားဆင်ခြင်ကြဖို့ ရက္ခိုင့်တပ်တော်အေအေကလည်း အခုလ ၁၇ ရက်နေ့က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 

BBC Burmese
မောင်တောမှာထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ မောင်တောမှာထွေအုပ်ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 17:57 Rating: 5

No comments:

Powered by Blogger.