ပေါက်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ


ပေါက်၊ ဒီဇင်ဘာ ၈၊ ၂၀၂၁။

ပေါက်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  ပေါက် PDF ဆီက သိရပါတယ်။ 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ငမို့ကြီးကျေးရွာနဲ့ ရွှေလှံကျေးရွာအကြား ပခုက္ကူ - မင်းတပ် လမ်းမကြီးပေါ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်း ၁၃ စီးလောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဲ့ဒီကားတွေထဲက တစီးက‌တော့ မိုင်းထိခဲ့တယ်လို့ ပေါက် PDF ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

“မိုင်းကဆွဲမိုင်း ၂ လုံးထဲသုံးပြီးဖောက်ခွဲခဲ့တာ၊ ၇ နာရီလောက်က ဖောက်ခွဲတာပါ။ ရိက္ခာကားက မိုးကာတွေနဲ့အုပ်ပြီးလာတာ၊ စစ်ကောင်စီအင်အား ၇၀ နဲ့ ၈၀ လောက်တော့ရှိမယ်" လို့ သူကဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရှိသူနဲ့ သေဆုံးသူရှိမရှိကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ပေါက် PDF အနေနဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာ ရေပြာရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

ပေါက်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ ပေါက်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.