ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိ

ပုံစာ - ထိုင်းနိုင်ငံ ဖူးကတ်နိုင်ငံတကာလေဆိပ်မှာ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ခရီးသွားထံကနေ နှာခေါင်းတို့ဖတ် ယူနေတာဖြစ်ပါတယ်။(ပုံဟောင်း) ဓာတ်ပုံ - Getty Images 


ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးဗီကွဲပိုးအသစ်ဖြစ်တဲ့ အိုမီခရွန် ကူးစက်ခံထားရသူတစ်ယောက်ကို တွေ့ရှိထားတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဌာနက ဒီနေ့ ဒီဇင်ဘာလ ၆ ရက်မှာပြောပါတယ်။

ပိုးတွေ့တဲ့အမျိုးသားဟာ စပိန်နိုင်ငံကနေ ထိုင်းနိုင်ငံကို ပြန်ရောက်နေတဲ့ ထိုင်းဖွား အမေရိကန်စီးပွားရေးသမားတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် အဲဒီအမျိုးသားဟာ Emirates လေကြောင်းလိုင်းလေယာဉ်နဲ့ ဒူဘိုင်းကနေ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါလက္ခဏာတွေ မတွေ့ခဲ့ရဘူးလို့လည်း ထိုင်းပြည်သူ့ကျန်းမာရေးဘက်က ပြောပါတယ်။ 

အဲဒီအမျိုးသားဟာ စပိန်ကနေ ယူအေအီးနိုင်ငံကို နိုဝင်ဘာလ ၂၈ ရက်မှာ မဝင်ခင် ဆေးစစ်မှုအရင်လုပ်ခဲ့သူ ဖြစ်ပြီး တစ်ကြိမ်ပဲထိုးရတဲ့ အမေရိကန်ထုတ်ကိုဗစ်ကာကွယ်ဆေး Johnson & Johnson ကို ထိုးထားပြီးသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ထပ်မံပိုးစစ်ဆေးချိန်မှာ ပေါ့စတစ်ဖြစ်လို့ နောက်ထပ်အသေးစိတ်စစ်ဆေးမှုတွေလုပ်နေပြီဖြစ်သလို ဆေးရုံတစ်ရုံမှာ ကုသမှုပေးနေပြီလို့ သိရပါတယ်။ 

အိုမီခရွန်မျိုးကွဲဟာ ကူးစက်နိုင်မှု ၉၉ ရာခိုင်နှုန်းကျော်အထိရှိတာကြောင့် တစ်ခါသုံးပိုးစစ်ဆေးပစ္စည်းကိရိယာကို မသုံးဘဲ RT-PCR စနစ်နဲ့ပဲ ပိုးစစ်တာဆက်လုပ်ဖို့ ထိုင်းကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာနက ထိုင်းအစိုးရကို တိုက်တွန်းနေပါတယ်။ 


BBC Burmese 

ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ကူးစက်သူတစ်ဦးကို ပထမဆုံးတွေ့ရှိ Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.