မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ရမယ့်တာဝန်ရှိတယ်လို့ ကုလထပ်သတိပေး

ကြက်သွန်စိုက်ရင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေကြတဲ့ ဆားလင်းကြီးဒေသခံတွေ

နိုင်ငံတကာဥပဒေအရ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးရမယ့် တာဝန်တွေရှိတယ်ဆိုတာကို သတိပေးလိုတဲ့အကြောင်း ကုလသမဂ္ဂဘက်က ပြောဆိုလာပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတောရွာမှာ လူ ၁၁ ဦးကို သေနတ်နဲ့ပစ်၊ မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေထွက်ပေါ်လာတဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက အခုလိုပြောလာတာဖြစ်ပါတယ်။

ယုံကြည်ရတဲ့သတင်းတွေအရ အဲဒီလူ ၁၁ ဦးမှာ ကလေး ၅ ဦးလည်း ပါဝင်တယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ပြောပါတယ်။

အခုလိုအကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီးစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ဒီလုပ်ရပ်ကို ကျူးလွန်တဲ့သူတွေကိုလည်း လုပ်ရပ်အတွက် တာဝန်ခံမှုရှိစေရမယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေအတွက် ကုလသမဂ္ဂက အပြင်းထန်ဆုံးစကားလုံးနဲ့ ထပ်မံရှုတ်ချသလို ဒီလိုအကြမ်းဖက်မှုဟာ လက်မခံနိုင်စရာ ဖြစ်တာကြောင့် တိကျပြတ်သားတဲ့နိုင်ငံတကာတုံ့ပြန်မှုတစ်ခုပေါ်လာဖို့လည်း တောင်းဆို တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ဒီဇင်ဘာလ ၈ ရက်နေ့အထိဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်က သေစေလောက်အထိ အင်အားသုံးတာကြောင့် သေဆုံးတဲ့လက်နက်မဲ့အရပ်သား ၁၈၀၀ ကျော်အထိရှိလာတာကိုလည်း အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ထောက်ပြထားပါတယ်။

BBC Burmese
မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ရမယ့်တာဝန်ရှိတယ်လို့ ကုလထပ်သတိပေး မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ရမယ့်တာဝန်ရှိတယ်လို့ ကုလထပ်သတိပေး Reviewed by THITHTOOLWIN on 17:40 Rating: 5

No comments:

Powered by Blogger.