ကြည့်မြင်တိုင် နှိမ်နင်းမှုကို ရန်ကုန်၊ မန္တလေး တုံ့ပြန်ဆန္ဒပြ

မန္တလေးမြို့မှာ LGBT သပိတ်စစ်ကြောင်း ဆန့်ကျင် သပိတ်မှောက်

ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို စစ်တပ်ဘက်က ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲခဲ့မှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသတချို့မှာ နည်းမျိုးစုံနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းမှာ ရန်ကုန်မြို့ခံတချို့ သံပုံးရိုက်ပြီး ဆန္ဒပြကြပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတဝန်း သံပုံးရိုက် ဆန္ဒပြပွဲတွေ တွင်တွင်ကျယ်ကျယ် ဖြစ်ခဲ့ပြီးနောက် လနဲ့ချီ ပျောက်ကွယ်ခဲ့ရာကနေ တနင်္ဂနွေနေ့ညက ပြန်ပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ကြည့်မြင်တိုင် ဆန္ဒပြပွဲကို စစ်တပ်ဘက်က ကားနဲ့တိုက် ဖြိုခွင်းခဲ့ပြီးနောက်မှာ ရန်ကုန်က တခြားနေရာတွေမှာလည်း လမ်းပေါ်ထွက် ဆန္ဒပြ ဆန့်ကျင်ခဲ့ကြသလို မန္တလေးမှာလည်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမှာလည်း ရန်ကုန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကြည့်မြင်တိုင် နှိမ်နင်းမှုကို ရန်ကုန်၊ မန္တလေး တုံ့ပြန်ဆန္ဒပြ ကြည့်မြင်တိုင် နှိမ်နင်းမှုကို ရန်ကုန်၊ မန္တလေး တုံ့ပြန်ဆန္ဒပြ Reviewed by THITHTOOLWIN on 06:12 Rating: 5

No comments:

Powered by Blogger.