Mandalay Free Press - MFP
ftuSc8513he2 ·
ရဲကင်းမီးရှို့ခံရသည့် ရုံးပင်ရွာဘက်မှ ပြန်လာသော စကစများက မိုင်းထိခြင်း ဖြစ်၊
MFP ၊ ဒီဇင်ဘာ - ၂၁
မန္တလေးတိုင်း မတ္တရာမြို့နယ် သပြေလှရွာအနီးတွင် ယနေ့ ဒီဇင်ဘာ(၂၁)ရက် ညနေပိုင်းအချိန် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော သစ်တင်ကားတစ်စီး မိုင်းဆွဲခံရကာ စကစ(၁၅)ဦးခန့် ပွဲချင်းပြီး သေကြောင်း မတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ - (ပ.က.ဖ မတ္တရာ) က သတင်းထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ(၂၁)ရက် ညနေ(၃)နာရီခွဲဝန်းကျင်က မတ္တရာမြို့နယ် ရုုံးပင်နှင့် မကျည်းကန်ရွာဘက်မှတဆင့် သစ်ကားတစ်စီး ချောဆွဲကာ သွားလာနေသော စစ်ကောင်စီ လက်နက်ကိုင်များကို သပြေလှရွာအနီးတွင် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"မတ္တရာ ပ.ဖ.က က ဆော်လိုက်တာပါ။ စခတွေက အင်အား ၄၀ ကျော်လောက် ရှိမယ်။ ဟိုနေ့က ရုံးပင်ရွာ ရဲကင်း မီးရှို့ခံရတော့ သွားတဲ့အဖွဲ့ပဲ။ မကျည်းကန်ရောပေါ့။ အဲဒီကနေ သူတို့က လမ်းမှာတွေ့တဲ့ သစ်တင်ဝါးတင်ကား ချောဆွဲလာတာ။ သပြေလှရွာနားမှာ မိုင်းထိတာပဲ။ နေရာတွင် ၁၅ဦးက မိုင်းထိ လဲကျသွားတာ။ ပြန်မထတော့ဘူး။ ဖြစ်တော့ အဲဒီနား ရမ်းပစ်သေးတယ်" ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
မိုင်းထိကာ သေသည့် အလောင်းများနှင့် ဒဏ်ရာရသူများကို လူမှုကူညီရေးကားများဖြင့် ဆည်တော်လေးရွာဘက်သို့ သယ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။
ဒီဇင်ဘာ(၁၈)ရက်ညက မတ္တရာမြို့နယ် ရုံးပင်ရဲကင်း စီးနင်းတိုက်ခိုက်ခံရချိန် မိသားစုဝင်များကို ချန်ထားရစ်ကာ ထွက်ပြေးသွားသော စစ်ကောင်စီ လက်နက်ကိုင်များသည် မနက်ပိုင်းတွင် အင်အား(၁၀၀)ခန့်ဖြင့် ရုံးပင်ရွာနှင့် သဖန်းကိုင်းရွာများသို့ စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ မွှေနှောက်သောင်းကြမ်းပြီး ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသည်။ သဖန်းကိုင်းရွာသား(၃၀)ခန့်ကို ဖမ်းဆီးပြီးနောက် အသက်အရွယ်ကြီးသူ (၁၅ဝဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း လူငယ်(၁၅)ဦးကို ဖက်ဆက်ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
Mandalay Free Press - MFP
No comments:
Post a Comment