"သလဲဘာကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့များကို အရာတော် - မြင်းမူ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့"

6.12.2021(MON) | 4:30 PM

ယနေ့ ဒီဇင်ဘာ(၆)ရက် မနက်ပိုင်းက အရာတော်အရှေ့တောင်နယ်၊ သလဲဘာကျေးရွာကို အခြေစိုက်၍ ဒေသတွင်း ရွာနီးချုပ်စပ်ကို ဖိနှိပ်ရမ်းကားလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များကို အရာတော် - မြင်းမူ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 

မနက်(၄)နာရီခန့်တွင် ပျူစောထီးနှင့် စစ်သားများ စခန်းချထားရာ သလဲဘာရွာတွင်း၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက်(၆)နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာပြေးသွားခဲ့သည်ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) ပြန်ကြားရေးက အတည်ပြုပေးထားသည်။

"သလဲဘာက ပျူတွေသောင်းကျန်း‌နေတာကြာပြီ။ အရာတော်-မြင်းမူအဖွဲ့တွေ ပူးပေါင်းဗျူဟာဆွဲပြီး စစ်ဆင်ရေးလုပ်တာပါ။ ကင်းထောက်ပေး၊ အကူအညီပေးတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဟိုဘက်က တူမီးနဲ့ ပျူ‌(၄)ကောင် ကျ‌တဲ့အလောင်းတွေ့ ရပါတယ်။ ပျူ(၂)ကောင်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိပြီး စစ်ဆေးဖို့ ခေါ်‌လာရာမှာ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ခဲ့ရပါတယ်။"ဟု ARA က ပြောသည်။ 

သလဲဘာရွာထဲမှ တောင်ကြီး၏ နေအိမ်အပါအဝင် ပျူစောထီးခေါင်းဆောင်များ၏ နေအိမ်တချို့ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းချိတ်ပိတ်ခဲ့သည်ဟု သိရှိရသည်။

မဟာမိတ်ပြည်သူ့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာရာ လမ်းတလျှောက်မှ ကျေးရွာများက အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများကို သပြေခက်များဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ 


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး



"သလဲဘာကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့များကို အရာတော် - မြင်းမူ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့" "သလဲဘာကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့များကို အရာတော် - မြင်းမူ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့" Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.