ဘီးလင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံး

ဘီးလင်း၊ ဒီဇင်ဘာ ၁ 

ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဂျပန်ကုန်း အောင်ချမ်းသာအပိုင်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ယနေ့ မနက် ၁ နာရီကျော်မှာ  အောင်ချမ်းသာပိုင်း ဝင်းဝင်းထွန်းထမင်းဆိုင်အနောက်ဘက်လမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ် ပွားပြီး ဆိုင်ကယ်ဖြင့်လာတဲ့ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"ပေါက်ကွဲသံက အသံ တော်တော်ကျယ်တယ်။ တိတ်ဆိတ်ချိန်လဲ ဖြစ်နေတာဆိုတော့။ သိရသလောက်က လမ်းဘေးထောင်ထားတဲ့ ဗုံးပေါက်တာ မဟုတ်ဘဲ သူတို့ဆိုင်ကယ်အတွင်းကနေ ထပေါက်တာလို့ သိရတယ်။ ဆိုင်ကယ်လဲ ထက်ပိုင်းကျိုး လူ၂ ယောက်စလုံးက ခန္ဓာကိုယ်တွေက တစ်စစီဘဲ။ တော်တော်အခြေနေ ဆိုးဆိုးနဲ့သေသွားတာ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားဝန်းကျင်ကို စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ညကလည်း ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာက ဝဲကြီးကျေးရွာသွားလမ်းဘေးအနီးမှာ လက်လုပ်မိုင်းလာထောင်တဲ့ အမျိုးသား ၂ ဦး ပေါက်ကွဲမှုကြောင့် ထိခိုက် သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

ဘီးလင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံး ဘီးလင်းမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:14 Rating: 5

No comments:

Powered by Blogger.