အမေရိကန် ပြည်ထောင်စုမှာ တိုနေးဒိုး လေဆင်နှာမောင်းဒဏ် ဆိုးရွားစွာ ခံလိုက်ရတဲ့ ဒေသတွေ အားလုံးကို ဗဟို အစိုးရအနေနဲ့ အစွမ်းကုန် ကူညီသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြု ပြောဆိုပါတယ်။
အခုဆိုရင် လူအသေအပျောက်နဲ့ အထိခိုက် အများဆုံး ဖြစ်ခဲ့တဲ့ ကင်တပ်ကီပြည်နယ် အတွက် ဗဟိုအစိုးရရဲ့ သဘာဝဘေး အရေးပေါ် အကူအညီပေးရေး ကြေညာချက်ကို သမ္မတဘိုင်ဒင် လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန် ဒေသအချိန် သောကြာညပိုင်းမှာ ကျရောက်ခဲ့တဲ့ လေဆင်နှာမောင်း မုန်တိုင်းတွေကြောင့် ပြည်နယ် ၅ ခု ထိခိုက် ခဲ့ရပြီး၊ ကင်တပ်ကီ ပြည်နယ်မှာ လက်ရှိ အတည်ပြုထားနိုင်သမျှ သေဆုံးစာရင်းထဲ လူ အယောက် ၇၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ကင်တပ်ကီ၊ မေဖီးလ်ဒ်မြို့က ဖယောင်းတိုင် စက်ရုံတစ်ရုံ လုံးဝပြိုကျ ပျက်စီး သွားခဲ့တာမှာ အထဲမှာ ရှိနေတဲ့ လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ ပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးစာရင်း အယောက် ၁၀၀ ကျော် အထိအောင် ဖြစ်လာနိုင်တယ်လို့ ကင်တပ်ကီ ပြည်နည် အုပ်ချုပ်ရေးမှူး အင်ဒီ ဘီရှီးယားက ဆိုပါတယ်။
အီလီနွိုင်းပြည်နယ်ထဲက အမေဇုံ ကုမ္ပဏီပိုင် သိုလှောင်ရုံတစ်ခုမှာ လူသေဆုံးမှု ဖြစ်ခဲ့တာ အပါအဝင်၊ ကင်တပ်ကီ အပြင်ဘက် တခြားပြည်နယ်တွေထဲမှာလည်း အနည်းဆုံး ၅ ယောက် သေဆုံးခဲ့ပါတယ်။
BBC Burmese
No comments:
Post a Comment