ပါပေါင်ကျေးရွာတွင် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ဦးအနက် တစ်ဦးလွှတ်မြောက်လာ

ဗန်းမော်မြို့နယ်၊ ပါပေါင်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရွာအတွင်းသို့ လက်နက်ကြီး ယမ်းပစ်ခဲ့ရာ ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများမှ သိရသည်။
သေဆုံးသူသည် ပါပေါင်းကျေးရွာမှ NLD ရပ်ကျေးအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုမြင့်အေးဆိုသူဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၇နာရီဝန်းကျင်က ရေကြောင်းလမ်းဖြင့် တက်လာသည့် စစ်ကောင်စီတပ်အား KIAနှင့် PDF များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း သိရသည်။
----------------------------------------------------------------------

ဗန်းမော်မြို့၊  ပေါက်ကုန်းရပ်ကွက်မှ ဖမ်းဆီးခံထားရသည့် မိသားစု ၃ဦးအနက် ဖခင်ဖြစ်သူတစ်ဦးသာလွှတ်မြောက်လာ‌ကြောင်း ဒေသခံများမှ သိရသည်။

"ဖမ်းသွားတာတော့ တစ်ပတ်လောက်ရှိပြီ PDFကိုထောက်ပံ့တယ်ဆိုပြီး အတင်းအဓမ္မစွပ်ဆွဲပြီး ဖမ်းသွားတာ ခုသူ့မိန်းမနဲ့ သားက မလွှတ်လာဘူး PDF ကိုထောက်ပံ့တယ်လို့တော့ ဝန်ခံထားတယ်တဲ့ သူ့အဖေတစ်ယောက်ထဲ ဒီနေ့လွှတ်လာတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် ဦးမျိုးအောင်တို့ မိသားစုသည် နိုဝင်ဘာလ ၂၅ရက်နေ့ နေအိမ်တွင် စစ်ကောင်စီတပ်မှ  လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် ဒေါ်ထုရာနှင့်သားဖြစ်သူ မျိုးနောင်လတ်(ခ)နောနော်

ဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗန်းမော် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ဟန်းတဲရပ်ကွက်မှ ၁ဦး၊ ခွန်သာရပ်ကွက်မှ လူငယ် ၅ဦး၊ ပေါက်ကုန်းရပ်ကွက်မှ ၃ဦး စုစုပေါင်း ဖမ်းဆီးခံရသူ ၉ ဦးရှိပြီးပြန်လွှတ်လာသူ မရှိသေးပေ။

အလားတူ စစ်ကောင်စီတပ်သည် ဗန်းမော်မြို့ထဲ ရပ်ကွက်များတွင် PDF နှင့် ဆက်သွယ်ရှိနိုင်သည်ဟု သံသယရှိသူများအား မကြာခနဆိုသလို ဖမ်းဆီးစစ်ဆေးမူများပြုလုပ်‌နေဆဲဖြစ်သည်။

Kachin News Group 



ပါပေါင်ကျေးရွာတွင် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ဦးအနက် တစ်ဦးလွှတ်မြောက်လာ ပါပေါင်ကျေးရွာတွင် ရွာသားတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး၊ ဗန်းမော်မြို့ ဖမ်းဆီးခံရသည့် မိသားစု ၃ဦးအနက် တစ်ဦးလွှတ်မြောက်လာ Reviewed by THITHTOOLWIN on 07:44 Rating: 5

No comments:

Powered by Blogger.