လေတပ်စစ်သည်အတွက် ပညာအရည်အချင်းသတ်မှတ်ချက် လျှော့ချ


ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ၂၀၂၁ 

တပ်မတော် ( လေ ) သို့ဝင်ရောက်သူနည်းပါးနေတဲ့အတွက် တပ်မတော် ( လေ ) မှာစစ်သားအဖြစ် ဝင်ရောက် စစ်မှုထမ်းလိုသူများအတွက် သတ်မှတ်ထားတဲ့ပညာအရည်အချင်းသတ်မှတ်ချက်ကို ယခင်ကထက် အဆင့်လျှော့ချပြီး ခေါ်ယူလာတာတွေ့ရပါတယ်။

ယခင်က တပ်မတော် ( လေ ) ထဲ စစ်သားအဖြစ်ဝင်ရောက်စစ်မှုထမ်းချင်တဲ့ သူတွေအနေနဲ့အထက်တန်း ပညာရေး ( ၉ တန်းအောင် သို့မဟုတ် ၁၀တန်း ) တက်ရောက်ဖူးသူဖြစ်ရမယ်လို့သတ်မှတ်ထားတာပါ။ 

ဒါပေမဲ့လည်း မကြာသေးခင်ရက်ပိုင်းက တပ်မတော် ( လေ ) အတွက် စစ်သားသစ်ခေါ်ယူတဲ့ ကြေငြာချက်မှာတော့ ပညာအချင်းအချင်းသတ်မှတ်ချက်ကို ၆ တန်းအောင်လို့ဖော်ပြထားတာတွေ့ရပါတယ်။ 

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း တပ်မတော်နဲ့ရဲတပ်ဖွဲ့ထဲကိုဝင်ရောက်သူ မရှိသလောက်နည်းပါး လာပြီး ဗိုလ်လောင်းသင်တန်းများကိုလျှောက်ထားသူနည်းပါးတဲ့အတွက် နှစ်ကြိမ်သုံးကြိမ်ခေါ်ယူရတာ ရှိခဲ့ပါတယ်။ 

ဒါ့အပြင် စစ်တပ်ကအာဏာသိမ်းတာကိုမကြိုက်တဲ့အတွက်လည်း တပ်မတော်ကနေ ပြည်သူ့ဖက်ရပ်တည်လာတဲ့ CDM စစ်သားအရေအတွက်ဟာလဲ တပ်ရင်း ၁၀ ရင်းကျော်စာရှိလာပြီးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ 

လက်ရှိတပ်မတော် ( လေ ) အင်အားမှာ ၁ သောင်း ၃ ထောင်ကျော်ခန့်ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ယူပြီးတဲ့နောက်ပိုင်း တပ်မတော်ကို အင်အားတိုးချဲ့တဲ့အနေနဲ့လေယာဉ်တွေထပ်မံဝယ်ယူတာတွေလုပ် ဆောင်လာခဲ့ပါတယ်။ 

Salween Press 

လေတပ်စစ်သည်အတွက် ပညာအရည်အချင်းသတ်မှတ်ချက် လျှော့ချ လေတပ်စစ်သည်အတွက် ပညာအရည်အချင်းသတ်မှတ်ချက် လျှော့ချ Reviewed by THITHTOOLWIN on 08:39 Rating: 5

No comments:

Powered by Blogger.