ချောင်းဦးနယ်တွင် ခရီးသွားများထံမှ ငွေတောင်းနေသော စကစများကို မိုင်းခွဲတိုက်ခိုက်ရာ နှစ်ဦးသေ သုံးဦး ဒဏ်ရာရဟုဆို

 


ဒီဇင်ဘာ - ၁

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ခရီးသည်တင်ကားများနှင့် ခရီးသွားပြည်သူများထံမှ လက်နက်ပြကာ ငွေတောင်းခံနေသော   စစ်ကောင်စီ လက်နက်ကိုင်များကို နိုဝင်ဘာ(၃၀)ရက် ညနေပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင်များ သေဆုံး ဒဏ်ရာရမှု ရှိသည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDF က သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့ မီးပွိုင့်လမ်းဆုံ၌ မိုင်းထုပ် ပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ လက်နက်ကိုင် နှစ်ဦး သေကာ သုံးဦး ဒဏ်ရာရသည်ဟု ချောင်းဦး CHU PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အသေးစိတ် အခြေအနေ မသိရသော်လည်း ယမန်နေ့ ညနေပိုင်းက ပေါက်ကွဲသံ ကြားရကြောင်း ချောင်းဦးမြို့ခံ တစ်ဦးကလည်း MFP သို့ ပြောသည်။

"မနေ့က ပေါက်ကွဲမှု ဖြစ်လို့ ဒီနေ့တော့ မြို့ထဲ အစစ်အဆေးတွေ ရှိတယ်။ မနေ့က လူလည်း သေတယ်" ဟု မြို့ခံတစ်ဦးက ပြောသည်။

အများပြည်သူ အနေဖြင့် စစ်ကောင်စီ လက်နက်ကိုင်များနှင့် ခပ်ဝေးဝေးနေရန် ချောင်းဦး CHU PDF က သတိပေးထားသည်။


Mandalay Free Press - MFP

ချောင်းဦးနယ်တွင် ခရီးသွားများထံမှ ငွေတောင်းနေသော စကစများကို မိုင်းခွဲတိုက်ခိုက်ရာ နှစ်ဦးသေ သုံးဦး ဒဏ်ရာရဟုဆို ချောင်းဦးနယ်တွင် ခရီးသွားများထံမှ ငွေတောင်းနေသော စကစများကို မိုင်းခွဲတိုက်ခိုက်ရာ နှစ်ဦးသေ သုံးဦး ဒဏ်ရာရဟုဆို Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.