ကျောက်ပန်းတောင်းတွင် ရထားကို မိုင်းဆွဲပြီး၊ လာစစ်သော စစ်ကားကို ထပ်မံမိုင်းခွဲ၊ စကစ လေးဦး ထိဟုဆို

MFP ၊ ဒီဇင်ဘာ - ၂၁

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ ရိက္ခာတင် ရထားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် လာစစ်ဆေးသော စစ်ကားကို ထပ်မံ မိုင်းထောင်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် လေးဦး ထိခိုက်ဒဏ်ရာရသွားကြောင်း 21 ပြောက်ကျားတပ်ဖွဲ့ (ကျောက်ပန်းတောင်း)က သတင်းထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာ (၂၁)ရက် မနက်(၁၁)နာရီကျော်အချိန်က ကျောက်ပန်းတောင်မြို့နယ် ကန်နီရွာသွားလမ်း၊ သံအင်းဂူအနီးတွင် ရထားသံလမ်းကို အဝေးဖိန်းမိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ်ကို လာရောက်စစ်ဆေးသော စစ်ကားကိုပါလည်း နေ့လည်(၁၂)နာရီအချိန်တွင် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီ လက်နက်ကိုင် လေးဦး ထိခိုက်ဒဏ်ရာရကြောင်းနှင့် ယင်းတိုက်ခိုက်မှုကို 21 ပြောက်ကျားတပ်ဖွဲ့ (ကျောက်ပန်းတောင်း)နှင့် People Guerrilla Force (ကျောက်ပန်းတောင်း)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရထားလမ်း ဖောက်ခွဲတိုက်ခိုက်မှုတွင် စကစ နှစ်ဦး ခြေထောက်တွင် ထိမှန်ဒဏ်ရာရသည်ဟု သတင်းကြားကြောင်း ကျောက်ပန်းတောင်းမြို့ခံများက MFP သို့ ပြောသည်။

“ရထားလမ်းကွဲတာက နှစ်ယောက် ထိတယ်လို့ ကြားတယ်။ သူတို့ လုံခြုံရေးယူပေးနေတဲ့ သူတွေပေါ့။ ခြေထောက်ထိတာတဲ့” ဟု ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက ဆိုသည်။

Mandalay Free Press - MFP

ကျောက်ပန်းတောင်းတွင် ရထားကို မိုင်းဆွဲပြီး၊ လာစစ်သော စစ်ကားကို ထပ်မံမိုင်းခွဲ၊ စကစ လေးဦး ထိဟုဆို ကျောက်ပန်းတောင်းတွင် ရထားကို မိုင်းဆွဲပြီး၊ လာစစ်သော စစ်ကားကို ထပ်မံမိုင်းခွဲ၊ စကစ လေးဦး ထိဟုဆို Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.