ကပေါင်းကျကျေးရွာက ပြန်သွားတဲ့ စစ်အုပ်စု မိုင်းထိပြီး ၆ဦး သေဆုံး


တန့်ဆည်၊ ဒီဇင်ဘာ ၈၊ ၂၀၂၁။

တန့်ဆည်မြို့နယ် ၊ ကပေါင်းကျကျေးရွာမှာတပ်စွဲထားတဲ့ စစ်အုပ်တွေ ဒီကနေ့ ပြန်သွားကြပြီး လမ်းမှာ မိုင်းမိလို့ ၆ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တန့်ဆည်မြို့မှာ ၂လနီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီနေ့မနက်ပိုင်း အဲ့ဒီရွာက အပြန် စည်တုံးလုံး ချောင်းနားမိုင်းမိပြီး ၆ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" ကပေါင်းကျ ကံဖျားကျောင်းနဲ့ သီးကုန်းကျောင်းကို တပ်စွဲသွားတာ၊ ရွာကတော့ဘာမှရစရာ မကောင်းတော့ဘူး၊ တပ်မ ၂၂နဲ့ ရဲ နဲ့ ပျူတွေလို့ကျနော်ယူဆတယ်" လို့ ပြောပါတယ်။

အင်အား ၁၀၀ နီးပါးနဲ့ ကပေါင်းကျကျေးရွာမှာ တပ်စွဲထားတာ ၂လပြည့်ဖို့ တစ်ပတ်အလိုမှာ တပ်စွဲထားရာကနေ ပြန်သွားခဲ့တာဖြစ်ပြီး ရွာမှာရှိတဲ့ အိမ်တွေ အသုံးအ‌ဆောင်တွေ အားလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စု တပ်စွဲထားချိန်မှာ ‌ဒေသခံတွေ အကုန်လုံးက ၂လနီးပါး တောထဲမှာ နေခဲ့ကြရတာဖြစ်ပြီး ရွာထဲကို ပြန်သွားကြည့်ချိန်မှာ မီးလောင်ပျက်ဆီးနေတဲ့ ရွာနဲ့ ရိက္ခာမှာထားတဲ့ ‌ဘောင်ချာတွေတွေ့ခဲ့ရတယ်လို့ သိရပါတယ်။





မြေလတ်အသံ


ကပေါင်းကျကျေးရွာက ပြန်သွားတဲ့ စစ်အုပ်စု မိုင်းထိပြီး ၆ဦး သေဆုံး ကပေါင်းကျကျေးရွာက ပြန်သွားတဲ့ စစ်အုပ်စု မိုင်းထိပြီး ၆ဦး သေဆုံး Reviewed by THITHTOOLWIN on 20:19 Rating: 5

No comments:

Powered by Blogger.