မြိုင်မှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ


မြိုင်၊ ဒီဇင်ဘာ ၈၊ ၂၀၂၁။

မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေတင်လာတဲ့ ကားနှစ်စီးကို ဒီဇင်ဘာ ၈ ရက် ဒီနေ့ နေ့ခင်း ၃ နာရီလောက်မှာ မိုင်းဆွံတိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF ဆီက သိရပါတယ်။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပခုက္ကူ-မြိုင် လမ်းပေါ်မှာ စစ်သား ၄၀ လောက် တင်လာတဲ့ ကား ၂ စီးကို မိုင်း ၁၁ လုံးနဲ့  တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစီးက‌တော့‌ ထိခိုက်ပျက်စီးသွားတယ်လို့ မြိုင် PDF ရဲ့တာ၀န်ရှိသူတဦးက ပြောပါတယ်။ 

"ကား ၁ စီးကတော့ လုံးဝပျက်ဆီးသွားတယ်။ အဲဒီမှာ အထိအခိုက်ကတော့များမယ်။ ကားကလုံးလုံးမောင်းမရအောင် ပျက်‌ဆီးသွားတာ"လို့ သူကပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူများနိုင်တယ်လို့သိရ‌ပြီး ထိခိုက်ဒဏ်ရသူအတိအကျနဲ့ သေဆုံးသူရှိမရှိကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

မြေလတ်အသံ - Myaelatt Athan

မြိုင်မှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ မြိုင်မှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.