လွတ်မြောက်နယ်မြေမှ အနာဂါတ်ကြယ်ပွင့်ကလေးများ


(2-12-2021)

ကရင်ပြည်နယ်၊ လွတ်မြောက်နယ်မြေတစ်‌နေရာအတွင်းရှိ လူထုအ​ခြေပြုဆေးရုံငယ်လေးတစ်ခုတွင် (၃)မွှာပူးကိုယ်ဝန်အား ယနေ့ (၂-၁၂-၂၀၂၁)ရက်နေ့၌ အောင်မြင်စွာ ခွဲစိတ်မွေးဖွား‌ပေးနိုင်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

နံနက် (၁၁)နာရီ၊ (၁၁)နာရီ (၁)မိနစ်နှင့် (၁၁)နာရီ (၂)မိနစ်အချိန်များတွင် အသီးသီးမွေးဖွားပေးနိုင်ခဲ့ပြီး ဒေသခံကျေးရွာတစ်ရွာတွင် နေထိုင်သူ အသက် (၄၄)နှစ်အရွယ် မိခင်ဖြစ်သူ၏ ခုနှစ်ကြိမ်မြောက်ကိုယ်ဝန်ဖြစ်ကာ ကိုယ်ဝန်တွင်းသွေးတိုးခြင်းရောဂါကြောင့် ခွဲစိတ်မွေးဖွားပေးခဲ့ရခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

လက်ရှိအချိန်တွင် မိခင်ဖြစ်သူရော ကလေးငယ်များအားလုံး ကျန်းမာလျက်ရှိကြောင်းနှင့် ကလေးငယ် (၃)ဦးလုံးမှာ မိန်းကလေးများဖြစ်သည်ဟု သတင်းရရှိခဲ့ပါသည်။



KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဥ်

လွတ်မြောက်နယ်မြေမှ အနာဂါတ်ကြယ်ပွင့်ကလေးများ လွတ်မြောက်နယ်မြေမှ အနာဂါတ်ကြယ်ပွင့်ကလေးများ Reviewed by THITHTOOLWIN on 05:06 Rating: 5

No comments:

Powered by Blogger.