စစ်ကောင်စီရဲ့ကိုယ်စားလှယ် ကုလညီလာခံတက်ခွင့်ရဖို့ မသေချာသေးလို့ သံတမန်တွေပြော


မြန်မာစစ်ကောင်စီက အဆိုပြုထားတဲ့ကုလသမဂ္ဂကိုယ်စားလှယ်ဟာ လက်ရှိကျင်းပနေတဲ့အထွေထွေညီလာခံကို တက်ရောက်ခွင့်ရဖို့ မသေချာသေးဘူးဆိုပြီး သံတမန်တွေဘက်က ပြောလာပါတယ်။

ကုလသမဂ္ဂမှာ နိုင်ငံကိုကိုယ်စားပြုခွင့်ရဖို့ လျှောက်ထားမှုတွေအပေါ် စိစစ်ပေးတဲ့အရည်အချင်းစစ်ကော်မတီရဲ့ အစည်းအဝေးကို ဒီနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြုလုပ်ဖို့ရှိနေချိန်မှာပဲ ဒီအကြောင်းနီးစပ်တဲ့ သံတမန် ၄ ဦးရဲ့ ပြောစကားကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြလာတာပါ။

အဲဒီအရည်အချင်းစစ်ကော်မတီဟာ မြန်မာစစ်ကောင်စီက အဆိုပြုထားတဲ့ ကုလကိုယ်စားလှယ်ကို ကုလသမဂ္ဂညီလာခံကို ကိုယ်စားပြုတက်ရောက်ခွင့် ပေးနိုင်ချေနည်းတယ်လို့လည်း ဆိုပါတယ်။

အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ အဲဒီကော်မတီထဲမှာ အမေရိကန်အပြင် မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ပါဝင်နေပါတယ်။

ကော်မတီဟာ လက်ရှိမြန်မာကိုယ်စားလှယ်အဖြစ်ဆက်ရှိနေတဲ့သူကိုပဲ ကုလညီလာခံရဲ့နိုင်ငံကိုယ်စားပြုထိုင်ခုံတွေမှာ ဆက်ထိုင်ခွင့်ပြုထားမယ်ဆိုပြီး ဆုံးဖြတ်နိုင်ချေရှိတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ ထုံးစံအရဆိုရင် အဲဒီကော်မတီနဲ့ အထွေထွေညီလာခံဟာ နိုင်ငံ့ကိုယ်စားပြု ကိုယ်စားလှယ်တွေကို အများသဘောတူညီချက်ယူပြီးဆုံးဖြတ်တယ်လို့ သံတမန်တွေက ပြောထားပါတယ်။

လက်ရှိမှာ ကုလသမဂ္ဂညီလာခံတက်ရောက်ဖို့ မြန်မာစစ်ကောင်စီဘက်က အဆိုပြုထားသူတွေရှိနှင့်ပြီးဖြစ်ပါတယ်။

တဖက်မှာလည်း စစ်အာဏာမသိမ်းခင်က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလမှာ မြန်မာကို ကိုယ်စားပြုသူအဖြစ်ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အရည်အချင်းစစ်ကော်မတီရဲ့ အဆုံးအဖြတ်အသစ်ဟာ စစ်ကောင်စီနဲ့ တစ်ဖက်က NUG တို့ ကြားက ကုလမှာ မြန်မာကိုယ်စားပြုမှုကို အရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာစေမှာဖြစ်ပါတယ်။

BBC Burmese

စစ်ကောင်စီရဲ့ကိုယ်စားလှယ် ကုလညီလာခံတက်ခွင့်ရဖို့ မသေချာသေးလို့ သံတမန်တွေပြော စစ်ကောင်စီရဲ့ကိုယ်စားလှယ် ကုလညီလာခံတက်ခွင့်ရဖို့ မသေချာသေးလို့ သံတမန်တွေပြော Reviewed by THITHTOOLWIN on 18:09 Rating: 5

No comments:

Powered by Blogger.