မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွား လာမှု ခေတ္တပိတ်ထားရ

ဒီဇင်ဘာ ၂၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့ကရိတ်ဘက်ခြမ်း ဒေါနတောင်ခြေမှာ ယာဉ်ဖြတ်သန်းသွားလာမှု ခေတ္တပိတ်ထားရကြောင်း သိရသည်။

ယနေ့နံနက် ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ကော့နွဲ့ရွာအနီးနေထိုင်သူ တစ်ဦးက "မနက် ၁၁ နာရီလောက်ကစပြီး လက်နက်ကြီး ပစ်ခတ်သံတွေရော လက်နက်ငယ် ပစ်ခတ်သံတွေ အဆက်မပြတ်ကြားရတယ်။ ကော့နွဲ့ရွာအရှေ့ဘက်မှာ ဖြစ်နေတာလို့ ထင်တယ်။  မြဝတီ-ကော့ကရိတ် အာရှလမ်း ကော့နွဲ့ရွာအနီးမှာတော့ ယာဉ်ဖြစ်သန်းသွားလာမှု မတွေ့ရတော့ဘူး" ဟု ကေအိုင်စီသို့ ပြောသည်။

နံနက် ၁၁ နာရီခွဲတွင် လက်နက်ငယ်သံများ မကြားရတော့ဘဲ လက်နက်ကြီး ပစ်ခတ်သံများသာ ဆက်လက်ကြားနေရပြီး ယာဉ်သွားလာမှုခေတ္တရပ်နား ထားရသည်ဟု ၎င်းက ဆက်ပြောသည်။ 

အဆိုပါ တိုက်ပွဲကြောင့် လတ်တလော အခြေအနေရ မြဝတီကော့ကရိတ် အာရှလမ်း ကော့နွဲ့ရွာအနီး ဒေါနတောင်ခြေတွင် ကုန်တင်တွဲကားယာဉ်ဖြင့် လမ်းပိတ်ထား၍ ယာဉ်သွားလာမှု ကန့်သပ်ထားသော်လည်း နေ့လည် ၁၂ နာရီအချိန်ခန့်တွင်ယာဉ်ဖြတ်သန်းသွားလာမှုများ ပြန်လည်ပြုလုပ်နေသည်ဟု သိရသည်။ 

ဒီဇင်ဘာ ၁၅ ရက်နေ့စတင်ခဲ့သည့် မြဝတီတောင်ဘက်ခြမ်း လေးကေကော်ဒေသ တိုက်ပွဲဂယက်ကြောင့် ကရင်ပြည်နယ်အတွင်း စစ်ရေးနယ်ပယ် ပိုမိုကျယ်ပြန့် လာပြီး ကော့ကရိတ်ဘက်ခြမ်း မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်တွင်  စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့၏ အလားတူ ထိတွေ့ တိုက်ပွဲမျိုး ယခုရက်ပိုင်းအတွင်း ၃ ကြိမ်ခန့်ရှိခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

Karen Information Center -KIC 

မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွား လာမှု ခေတ္တပိတ်ထားရ မြဝတီ-ကော့ကရိတ်အာရှလမ်း ကော့နွဲ့ရွာအနီး တိုက်ပွဲများဖြစ်နေ၍ ယာဉ်သွား လာမှု ခေတ္တပိတ်ထားရ Reviewed by THITHTOOLWIN on 17:25 Rating: 5

No comments:

Powered by Blogger.