မိတ္ထီလာတွင် အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်ကယ်ကို စစ်တပ်က တားဆီးစစ်ဆေးနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံရ


 ဒီဇင်ဘာ - ၈ 

မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ယနေ့ ဒီဇင်ဘာလ (၈)ရက် ညနေ လေးနာရီကျော်အချိန်၌ အမျိုးသားနှစ်ဦး စီးလာသည့် မော်တော်ဆိုင်ကယ်ကို စစ်တပ်က တားဆီးစစ်ဆေးနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ 

စစ်တပ်က တားဆီးစဉ် ဆိုင်ကယ်နောက်မှ လိုက်ပါသူက ဆင်း၍ ငုတ်တုပ်ထိုင်နေစဉ် မောင်းနှင်သူက ဆိုင်ကယ်ကို မောင်းပြေးသဖြင့် စစ်ကောင်စီအဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ရာ နောက်ကျော ထုတ်ချင်းပေါက်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ လူမှုရေးအသင်းတစ်ခုထံမှ သိရသည်။ 

" အထက (၂) ကျောင်းရှေ့မှာ တားတယ်တဲ့။ တားတာကို ရပ်ပေးပြီး နောက်ကခွထိုင်တဲ့လူက ဆင်းပြီး ထိုင်နေတုန်း မောင်းတဲ့လူကမောင်းပြေးလို့ ဟိုကပစ်လိုက်တာ၊ နောက်ကျောက်ကနေ ဝမ်းဗိုက်ထုတ်ချင်း ပေါက်တယ်။ အခုစစ်ဆေးရုံမှာပါ။ မသေသေးဘူးလို့ သိရပါတယ် " ဟု ယင်းအသင်းဝင်တစ်ဦးက ပြောသည်။ 

မိတ္ထီလာမြို့နယ်တွင် ပြီးခဲ့သည့်လပိုင်းက ဈေးအနီးပေါက်ကွဲမှုဖြစ်ကာ ရဲ (၂) ဦးသေဆုံးပြီးနောက် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။ 

နိုဝင်ဘာလအတွင်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးလာလျှင် အမေးအမြန်းမရှိ ပစ်ခတ်နေကြောင်းလည်း မိတ္ထီလာဒေသခံတို့ထံမှ သိရှိရသည်။ 


Mandalay Free Press - MFP

မိတ္ထီလာတွင် အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်ကယ်ကို စစ်တပ်က တားဆီးစစ်ဆေးနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံရ မိတ္ထီလာတွင် အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်ကယ်ကို စစ်တပ်က တားဆီးစစ်ဆေးနေစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံရ Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.