တွံတေးမြို့ခံ စစ်သတင်းပေးဒလန်နှင့် မပတ်သက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၅

တွံတေးမြို့နယ်တွင် စစ်ကောင်စီကို သတင်းပေးခြင်းနှင့် ပေးကမ်းထောက်ပံ့မှု ပြုလုပ်နေသည့် ဦးအုန်းကြွယ်၏ စီးပွားရေးလုပ်ငန်းနှင့် ပတ်သက် ဆက်နွယ်ခြင်း မပြုဘဲ လူမှုပြစ်ဒဏ်ခတ်ရန် တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုထားသည်။

ဦးအုန်းကြွယ်သည် တွံတေးမြို့ ရွှေဆံတော်ရပ်ကွက် ခလရ ၇၀ လမ်းတွင် နေထိုင်သူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ အမတ်ဟောင်းလည်းဖြစ်သည်။

၎င်းသည် ချမ်းမြေ့ဂုဏ်ဆီဆိုင်ကို ပိုင်ဆိုင်ပြီး အခြားသော ဒေသတွင်းစီးပွါးရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သည်ဟု အမည်မဖော်လိုသည့် တွံတေးမြို့ခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဦးအုန်းကြွယ်၏ စီးပွါးရေးလုပ်ငန်းများကို အမည်ပျက် စာရင်းသွင်းထားသည့်အတွက် ပြည်သူများအနေဖြင့် အားပေးခြင်း ပတ်သက်ခြင်းမပြုရန် တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာခဲ့သည်။

"ကျွန်တော်တို့ မြို့နယ်မှာ PDF ရော မြို့ပြပျောက်ကျားရော ရှိတယ်။ အားမကောင်းတာကတော့ အကြောင်းကြောင်းကြောင့် ရှိမယ်ထင်တယ်။ တကယ်အားကောင်းရင် ဒလန်တွေ ခေါင်းမထောင်ရဲပါဘူး" ဒေသခံကပြောသည်။

ဦးအုန်းကြွယ်အနေဖြင့် စစ်ကောင်စီထံ သတင်းပေးခြင်း ထောက်ပံ့ခြင်း ပြုလုပ်နေသည်နှင့်ပတ်သက်၍ သေချာခိုင်မာသည့် အချက်အလက်များရှိကြောင်း တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင်ဖော်ပြထားသည်။

Lu Nge Khit

တွံတေးမြို့ခံ စစ်သတင်းပေးဒလန်နှင့် မပတ်သက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး တွံတေးမြို့ခံ စစ်သတင်းပေးဒလန်နှင့် မပတ်သက်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.