ယင်းမာပင်အနောက်ဘက် တိုက်ပွဲကြောင့် စကစ ဗျူဟာမှူးနှင့် စနိုက်ပါသမားတစ်ဦးအပါအဝင် (၇)ဦး သေဟုဆို

ဓာတ်ပုံ၊ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၏ သင်တန်းဆင်းပွဲတစ်ခု 

MFP ၊ ဒီဇင်ဘာ - ၂၃ 

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့အနောက်ဘက်တွင် ဒီဇင်ဘာလ (၂၂)ရက် ယမန်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စကစဘက်မှ ဗျူဟာမှူး၊ စနိုက်ပါသမားတစ်ဦး အပါအဝင် (၇)ဦး သေကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။ 

ယင်းမာပင်မြို့နယ်၌ တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသကာကွယ်ရေး အဖွဲ့ဝင်များ ထိခိုက်မှု မရှိခဲ့ကြောင်းလည်း ယင်းအဖွဲ့က ဆိုသည်။ 

စစ်ကောင်စီအဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၈)ရက်တွင် ကနီနယ်ဘက်မှ ယင်းမာပင်ဘက်သို့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ လမ်းတလျှောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရ သော်လည်း ကျောက်မှော်နှင့် သံဘိုရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ တပ်စွဲခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

Mandalay Free Press - MFP

ယင်းမာပင်အနောက်ဘက် တိုက်ပွဲကြောင့် စကစ ဗျူဟာမှူးနှင့် စနိုက်ပါသမားတစ်ဦးအပါအဝင် (၇)ဦး သေဟုဆို ယင်းမာပင်အနောက်ဘက် တိုက်ပွဲကြောင့် စကစ ဗျူဟာမှူးနှင့် စနိုက်ပါသမားတစ်ဦးအပါအဝင် (၇)ဦး သေဟုဆို Reviewed by THITHTOOLWIN on 18:10 Rating: 5

No comments:

Powered by Blogger.