ပကာရီ-ရေဝိုင်း လမ်းပိုင်းမှာ စစ်ကားတစ်စီးမိုင်းဆွဲခံရ

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၃ 

ထားဝယ်မြို့နယ်၊ ပကာရီရွာနဲ့ ရေဝိုင်းရွာအကြားလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo ကားတစ်စီးကို မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Dawei Tiger Force (DTF) က ထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာလ ၂၂ ရက် ည ၉ နာရီဝန်းကျင်မှာ Dawei Tiger Force (DTF)နှင့်မဟာမိတ်ပူပေါင်းတပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပကာရီကျေးရွာမှာနေထိုင်သူတချို့ကတော့ ည ၉ နာရီဝန်းကျင်မှာ ပေါက်ကွဲသံနှစ်ချက်ကြားလိုက်ရတယ်လို့ဆိုပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့စီးနင်းလာတဲ့ Vigo ကားနောက်ပိုင်း ထိခိုက်မှုရှိခဲ့ပေမယ့် အရှိန်ပြင်းပြင်းမောင်းနှင်သွားခဲ့လို့ ထိခိုက်သေဆုံးမှုအခြေအနေကိုမသိရဘူးလို့လည်းထုတ်ပြန်ထားပါတယ်။ 

Tanintharyi Times

ပကာရီ-ရေဝိုင်း လမ်းပိုင်းမှာ စစ်ကားတစ်စီးမိုင်းဆွဲခံရ  ပကာရီ-ရေဝိုင်း လမ်းပိုင်းမှာ စစ်ကားတစ်စီးမိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.